နန္ဒိယသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နန္ဒိယပရိဗိုဇ်၏ မေးလျှောက်ချက်အရ မဂ္ဂင်ရှစ်ပါးတရားတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် နိဗ္ဗာန်သို့ရောက်နိုင်ပုံ နိဗ္ဗာန်လျှင် လည်းလျောင်းရာဖြစ်ပုံ၊ နိဗ္ဗာန်လျှင် အပြီးအဆုံးရှိပုံကို ဟောတော်မူသည့်သုတ်၊ နန္ဒိယပရိဗိုဇ် သရဏဂုံဆောက်တည်ခံယူပုံကို ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နန္ဒိယသာကီဝင်အား သောတာပန် ဂုဏ်ရည်လေးမျိုးကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နန္ဒိယသာကီဝင်၏ မေးလျှောက်ချက်အရ သဒ္ဓါ, သီလ, အာရဒ္ဓဝီရိယ, ဥပဋ္ဌိတဿတိ, သမာဟိတ , ပညာဟူသော တရားခြောက်ပါးတို့၌ စွဲမြဲစွာတည်၍ တရားငါးပါးတို့၌ မိမိသန္တာန်၌ သတိကို ထင်ရှားစွာ တည်စေရမည်။ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ ကလျာဏမိတ္တ စာဂါနုဿတိ ဒေဝတာနုဿတိဟူသော တရား (၁၁)ပါးတို့နှင့် ပြည့်စုံသော အရိယာသာဝကသည် ပါပကအကုသလဓမ္မတို့ကို ပယ်စွန့်ပုံ၊ မစွဲလမ်းတော့ပုံ၊ မှောက်ထားသော အိုးဥပမာ, မြက်ခြောက်တော ဥပမာတို့ဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia