နာဝါသုတ်

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခြောက်လတို့ပတ်လုံး ရေ၌သွားလာပြီး ဆောင်းလအခါ၌ ကြည်းကုန်း၌ တင်ထားအပ်သော သမုဒ္ဒရာ၌သွားလာသော ကြိမ်ဖြင့်ဖွဲ့တုပ်ချည် နှောင်ထားသော လှေ၏ လေ, နေပူတို့ဖြင့် တွေ့ထိကုန် အနှောင်အဖွဲ့တို့သည် ရွာသွန်းသော မိုးရေဖြင့် တွေ့ထိပါက လျင်မြန်စွာပြတ်တောက် ပုတ်ဆွေးကုန်သကဲ့သို့ အဋ္ဌင်္ဂိကအရိယမဂ်၏ သမ္မာဒိဋ္ဌိအစရှိသော တစ်ပါးစီ တစ်ပါးစီသော မဂ္ဂင်တို့ကို ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ရဟန်း၏သံယောဇဉ်တို့သည် လျင်မြန်စွာသာလျှင် ပျက်စီးပုတ် ဆွေးကုန်၏ဟု တစ်ပါးစီ တစ်ပါးစီပွားများပုံ အကျယ်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဆရာဖြစ်သော အရှင်အဿဇိထေရ် သီတင်းသုံးရာအရပ်ကို ရှိခိုးသော အရှင်သာရိပုတ္တရာကို ကဲ့ရဲ့သော ရဟန်းတို့အား-

(က) ဆရာပူဇော်သောသူသည် ဓမ္မကို ထင်ထင်ရှားရှား သိနိုင်, ဝိညူ, ဝိဘာဝီ, နိပုဏပုဂ္ဂိုလ်ဖြစ်နိုင်ပုံ၊

(ခ) မြစ်ရေ၌မျောပါနေသူသည် သူတစ်ပါးကို မဆယ်နိုင်သကဲ့သို့ ယုတ်ညံ့ အရည်အချင်းမရှိသော ဆရာသည် တပည့်ကိုတတ်သိနားလည်အောင် မသင်ပြနိုင်, တပည့်လည်း အရာရာကို မဆုံးဖြတ်နိုင်သူဖြစ်ပုံ၊

(ဂ) လှော်တက်, တက်မစသည်နှင့် ပြည့်စုံကျွမ်းကျင်သူသည် သူတစ်ပါးကို ဆယ်ယူ ကယ်တင်နိုင်သကဲ့သို့ အရည်အချင်းပြည့်ဆရာကို ဆည်းကပ်သူသည် အကြားအမြင်များ, အနက်သဘာဝကိုသိ, ဓမ္မအမှန်ကို ကျင့်သုံးသောကြောင့် လောကုတ္တရာတရားကို သိမြင်ပြီး ချမ်းသာကို ရနိုင်၏ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်များ ပြည့်စုံစွာ ဖွင့်ပြထားပါသည်။ []

ကိုးကား

  1. -သံ၊၃၊၄၇-၈။ သံ၊မြန်၊၃၊၅၀-၁။ သံ၊ဋ္ဌ၊၃၊၁၇၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၆-ဗလကရဏီယဝဂ္ဂ၊ ဒသမသုတ်။
  2. -သုတ္တနိ၊၃၂၅-၆။ သုတ္တနိ၊မြန်၊၃၀၈၊ သုတ္တနိ၊ဋ္ဌ၊၂၊၆၀-၅။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊၂၊စူဠဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya