နိဒ္ဒသသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပရိဗ္ဗာဇကအာရာမ်၌ အညတိတ္ထိယတို့က “(၁၂)နှစ်ပတ်လုံး ဗြဟ္မစရိယကို ပရိပုဏ္ဏ ပရိသုဒ္ဓဖြစ်အောင် ကျင့်ပြီးသူကို “နိဒ္ဒသဘိက္ခု”ဟုခေါ်ဆို ထိုက်၏”ဟူသောစကားကို မနှစ်သက်၍ အရှင်သာရိပုတ္တရာက ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က “ဤဓမ္မဝိနယ သာသနာတော်၌ ဓမ္မမဖက် နှစ်အရေအတွက်မျှဖြင့် “နိဒ္ဒသ ဘိက္ခု”ဟု သတ်မှတ်ပညတ်ခြင်းငှါ မထိုက်ပုံ ငါဘုရား ကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် သိတော်မူ၍ မျက်မှောက်ပြုတော်မူ၍ ဟောကြားတော်မူအပ်ကုန်သော သိက္ခသမာဒါန, ဓမ္မနိသန္တိ ဣစ္ဆာဝိနယ, ပဋိသလ္လာန, ဝီရိယာရမ္ဘ, သတိနေပက္က, ဒိဋ္ဌိပဋိဝေဓ, ဟူသော နိဒ္ဒသဝတ္ထု (၇)မျိုးတို့ကို (၁၂)နှစ်, (၂၄)နှစ်, (၃၆)နှစ်, (၄၈)နှစ်တို့ပတ်လုံး ပရိပုဏ္ဏ, ပရိသုဒ္ဓဖြစ်အောင် ဗြဟ္မစရိယကို ကျင့်သုံးလျှင် နိဒ္ဒသဘိက္ခုဟုခေါ်ထိုက်၏ဟု အရှင်သာရိပုတ္တရာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အထက်သုတ်အတိုင်း တိတ္ထိယတို့၏ နိဒ္ဒသဘိက္ခု သတ်မှတ်ပုံ နှင့်ဆက်စပ်၍ အရှင်အာနန္ဒာက လျှောက်ထားသဖြင့် “ဤဓမ္မဝိနယသာသနာတော်၌ နှစ်အရေအတွက်မျှဖြင့် “နိဒ္ဒသဘိက္ခု” ဟုမသတ်မှတ်ပုံ၊ ငါဘုရားကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် သိတော်မူ၍ မျက်မှောက်ပြုတော်မူ၍ ဟောကြားတော်မူအပ်ကုန်သော သဒ္ဓ, ဟိရီမာ, ဩတ္တပ္ပီ, ဗဟုဿုတ, အာရဒ္ဓဝီရိယ, သတိမာ, ပညဝါဟူသော နိဒ္ဒသဝတ္ထု (၇)ပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် (၁၂)နှစ်၊ (၂၄)နှစ်၊ (၃၆)နှစ်၊ (၄၈)နှစ်တို့ပတ်လုံး ပရိပုဏ္ဏ, ပရိသုဒ္ဓဖြစ်အောင် ကျင့်သုံးသော ရဟန်းတော်ကို “နိဒ္ဒသဘိက္ခု” ဟုခေါ်ထိုက်ပုံကို အရှင်အာနန္ဒာထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia