နိဗ္ဗာနသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် အရှင်အာနန္ဒာထေရ်၏ မေးလျှောက်ချက်အရ ဟာနဘာဂိယသညာ၊ ဌိတိဘာဂိယသညာ၊ ဝိသေသဘာဂိယသညာ၊ နိဗ္ဗေဓဘာဂိယသညာတို့ကို မှန်ကန်စွာ မဂ်ဉာဏ်ဖြင့် မသိကြခြင်းကြောင့် မျက်မှောက်ဘဝ၌ အချို့သောသတ္တဝါတို့ ပရိနိဗ္ဗာန် မပြုနိုင်ကြပုံ၊ ယင်းသညာလေးပါးတို့ကို မှန်ကန်စွာ မဂ်ဉာဏ်ဖြင့် သိမြင်ကြခြင်းကြောင့် အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ပရိနိဗ္ဗာန်ပြုနိုင်ကြပုံကို အရှင်သာရိပုတ္တရာထေရ် ဖြေကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဟာနဘာဂိယပညာကို ဖွင့်ပြထားပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နိဗ္ဗာန်ကို ဒုက္ခဟု အဖန်ဖန်ရှုသူအား အနုလောမိကခန္တီဉာဏ်မဖြစ်၊ ယင်းဉာဏ်မဖြစ်လျှင် သမ္မတ္တနိယာမသို့ မသက်ဝင်၊ ယင်းသို့ မသက်ဝင်လျှင် ဖိုလ်ဉာဏ် (၄) ပါးကို မျက်မှောက်မပြုနိုင်၊ နိဗ္ဗာန်ကို သုခဟု အဖန်ဖန်ရှုသူအား အနလောမိကခန္တီဉာဏ်ဖြစ်ပုံ၊ သမ္မတ္တနိယာမသို့ သက်ရောက်ပုံ၊ ဖိုလ်ဉာဏ် (၄)ပါးကို မျက်မှောက်ပြုနိုင်ပုံကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နိဗ္ဗာန်ကိုသုခဟု အဖန်ဖန်ရှုလျက် သုခသညီ သုခပဋိသံဝေဒီသတတသမိတ အဗ္ဗောကိဏ္ဏ စေတသော အဓိမုစ္စမာန ပညာယပရိယောဂါဟမာနဖြင့် နေခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ် (၂)မျိုး, အနာဂါမ်ပုဂ္ဂိုလ် (၅)မျိုးဖြစ်နိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] အရှင်အာနန္ဒာထေရ် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်သည် အဘယ်မျှလောက်ဖြင့် နိဗ္ဗာန်ဟု ဟောတော်မူပါသနည်းဟူသော အရှင်ဥဒါယီ၏ မေးလျှောက်ချက်အရ သမာပတ် (၈)ပါး၊ မဂ်ဉာဏ် (၄)ပါး၊ ဖိုလ်ဉာဏ် (၄)ပါး ရရှိလျှင် နိဗ္ဗာန်ဟု ဘုရားရှင် ဟောတော်မူကြောင်း အရှင်အာနန္ဒာဟောတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia