နိဗ္ဗိဒါသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဗောဇ္ဈင် (၇)ပါးကို ဘာဝိတ ဗဟုလီကတဖြစ်အောင် ပွားများလျှင် ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏-ဟု ဗောဇ္ဈင် တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဣဒ္ဓိပါဒ်လေးပါးကို အထက်သုတ်အတိုင်းပွားလျှင် ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု ဣဒ္ဓိပါဒ်တစ်ပါးစီ တစ်ပါးစီကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃] “ကာယေ အသုဘာနုပဿီ၊ အာဟာရေပဋိကူလသညာ၊ သဗ္ဗလောကေ အနဘိရတသညီ၊ သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ၊ အဇ္ဈတ္တံ မရဏသညာ သူပဋ္ဌိတာ” ဟူသော တရားငါးမျိုးကို အထက်သုတ်အတိုင်း ပွားများလျှင် “ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏”ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၄] နိဗ္ဗိဒါသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၅] နိဗ္ဗိဒါသုတ်ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၅] ကိုးကား
|
Portal di Ensiklopedia Dunia