နီဝရဏသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမစ္ဆန္ဒနီဝရဏ (ပ) ဝိစိကိစ္ဆာနီဝရဏဟူသော နီဝရဏတရားငါးပါးတို့ကို ထူးသောဉာဏ်ဖြင့်သိရန်, ပိုင်းခြား၍သိရန်, ကုန်ခမ်းစေရန်, ပယ်စွန့်ရန် အဋ္ဌင်္ဂီက အရိယမဂ်ကို ပွားများရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမစ္ဆန္ဒအစရှိသော နီဝရဏငါးပါးတို့သည် ပညာမျက်စိ ကန်းအောင်, ပညာမျက်စိမရှိအောင်, အသိဉာဏ်ပညာမရှိအောင်, အသိဉာဏ် ပညာချုပ်ငြိမ်းရန်, ပင်ပန်းဆင်းရဲခြင်း အဖို့ရှိအောင် ပြုတတ်ကုန်၏။ (ကိလေသာ) ငြိမ်းအေးခြင်းငှါ မဖြစ်ကုန်, ဗောဇ္ဈင်ခုနှစ်ပါးတို့သည် ပညာမျက်စိဖြစ်အောင်, အသိဉာဏ်ပညာ ဖြစ်ပေါ် လာအောင်, အသိဉာဏ်ပညာ တိုးပွားအောင်, ပင်ပန်းဆင်းရဲခြင်း အဖို့မရှိ အောင် (ကိလေသာ) ငြိမ်းအောင်ပြုတတ်ကုန်၏ဟု အသီသီး နီဝရဏတစ်ပါးစီ, ဗောဇ္ဈင် တစ်ပါးစီတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမစ္ဆန္ဒအစရှိသော နီဝရဏငါးပါးတို့ကို ပယ်စွန့်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia