နောစမေသိယာသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ခန္ဓာရှိလျှင် ခန္ဓာကိုစွဲ၍ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် “နော စဿံ၊ နော စ မေ သိယာ, နာ ဘဝိဿ၊ န မေ ဘဝိဿတိ”ဟူသော မိစ္ဆာအယူဖြစ်ပုံ မိစ္ဆာအယူမဖြစ်ပုံကို ရှေးသုတ်များကဲ့သို့ ခန္ဓာတစ်ပါးစီ တစ်ပါးစီ ဝေဖန်၍ ဟောတော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းအတိုင်း အရဟတ္တဖိုလ် ဆိုက်ရောက်သည်အထိ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အထက်သုတ်များအတိုင်း ခန္ဓာကိုစွဲ၍ “နော စဿံ၊ နော စ မေ သိယာ၊ နာ ဘဝိဿ၊ န မေ ဘဝိဿတိ”ဟူသော မိစ္ဆာအယူဖြစ်ပုံ၊ မဖြစ်ပုံ၊ ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ၊ ပတ္တ၊ ပရိယေသိတ၊ မနသာအနုစရိတတို့၌ မိစ္ဆာအယူမဖြစ်တော့ပုံ၊ သောတာပန်ဂုဏ်ရည်တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia