ပဇ္ဇောတသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ချက်အရ နေရောင်, လရောင်, မီးရောင်, ဘုရားရှင်၏ရောင်ခြည်တော်ဟု အလင်းရောင် ၄-မျိုးသာရှိပုံ, ယင်းတို့တွင် ဘုရားရှင်၏ ရောင်ခြည်တော်သည်သာ အမြတ်ဆုံးဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင်၏ ရောင်ခြည်တော်အမျိုးမျိုးကို ဖွင့်ပြထားပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ထားချက်အရ = ပညာသည် လောက (၏) ၌ အလင်းရောင်၊ = သတိသည် လောက၌ နိုးကြားခြင်း၊ = အသက်မွေးကုန်သောသူတို့တွင် နွားသည် အလုပ်ကိစ္စ၌ အဖော်၊ = ထိုသတ္တဝါအပေါင်း၏ အသက်မွေးဝမ်းကြောင်းသည် ထွန်တုံး၊ = အမိသည် သားကိုမွေးမြူသကဲ့သို့ မိုးသည် ပျင်းသောသူ မပျင်းသောသူတို့ကို မွေးမြူ၏။ = မြေ၌မှီသော သတ္တဝါတို့သည် မိုးကိုမှီ၍ အသက်မွေးကုန်၏-ဟု ဘုရားရှင် ဖြေကြားဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် လရောင်, နေရောင်, မီးရောင်, ပညာအလင်းရောင်-ဟူသော အလင်းရောင်လေးမျိုးတို့တွင် ပညာအလင်းရောင်သာ အမြတ်ဆုံးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia