ပဉ္စရာဇသုတ်

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလဘုရင်အမှူးရှိသော မင်းငါးပါးတို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားမှုနှင့်ဆက်စပ်၍ ဆွေးနွေးကြစဉ် ဆုံးဖြတ်ချက် မချနိုင်မှုကြောင့် မင်းငါးပါးတို့ ဘုရားရှင်ထံ ရောက်လာကြပြီး ယင်းပြဿနာကို မေးလျှောက်ကြရာ ဘုရားရှင် က “မနာပပရိယန္တ= နှစ်သက်မြတ်နိုးဖွယ်အရှိဆုံး ကာမဂုဏ်သာ အကောင်းမြတ်ဆုံးဖြစ်ပုံ”ကို တစ်ပါးစီ တစ်ပါးစီ မိန့်ကြားတော်မူပါသည်။

ထိုအခါ စန္ဒနင်္ဂလိက ဥပါသကက “ပဒုမံ ယထာ ကောကနုဒံ သုဂန္ဓံ” အစရှိသော မိမိဉာဏ်၌ ထင်မြင်လာသော ဂါထာကို လျှောက်ထားရာ မင်းငါးပါးတို့က အပေါ်ရုံ တစ်ဘက်ငါးထည်ဖြင့် စန္ဒနင်္ဂလိကဥပါသကာအား ပူဇော်ကြပါသည်။ စန္ဒနင်္ဂလိက ဥပါသကာက ယင်းအပေါ်ရုံတဘက်ငါးထည်ကို ဘုရားရှင်အား ပူဇော်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ []

ကိုးကား

  1. -သံ၊၁၊၇၉-၈၂။ သံ၊မြန်၊၁၊၇၉-၈၁။ သံ၊ဋ္ဌ၊၁၊၁၃၈-၁၄၀။ သံ၊ဋီ၊၁၊၁၈၃-၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya