ပဋိသမ္ဘိဒါမဂ်

ပဋိသမ္ဘိဒါမဂ် ပါဠိတော် ဆိုသည်မှာ ပဋိသမ္ဘိဒါဉာဏ် (အပြားပြားကို ခွဲခြမ်းစိတ်ဖြာ၍ သိနိုင်သော အသိဉာဏ်) တို့ကို အဓိကထား ဟောကြားပြဆိုရာ ပါဠိတော် ကျမ်းတစ်စောင် ဖြစ်ပါသည်။ ဤကျမ်းသည် ဗုဒ္ဓဘာသာစာပေတွင် အရေးပါသော ကျမ်းတစ်စောင်အဖြစ် တည်ရှိနေပါသည်။[]

ကျမ်းပြုစုသူ နှင့် အမျိုးအစား

  • ကျမ်းပြုစုသူ: ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို ပညာအရာတွင် ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ် က ဟောကြားတော်မူသည်ဟု အစဉ်အဆက် မှတ်ယူကြပါသည်။
  • အမျိုးအစား: ဤကျမ်းသည် သုတ္တန္တပိဋက တွင် ပါဝင်သော်လည်း၊ ဟောကြားပုံ ဟောကြားနည်းများသည် သုတ္တန်ဟန်ထက် အဘိဓမ္မာဟန် သို့ ပိုမိုနီးစပ်ပါသည်။ အချို့သော အခန်း (ကထာ) များ၏ အစတွင်မူ "ဧဝံ မေ သုတံ-ဧကံသမယံ သာဝတ္ထိယံ ဝိဟရတိ" (ဤသို့ ငါကြားအပ်၏ - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ သီတင်းသုံးတော်မူ၏) စသည့် သုတ္တန်နိဒါန်းများ ပါရှိတတ်ပါသည်။
  • သဘောသဘာဝ: ကျမ်း၏ ယေဘုယျသဘောမှာ အခြေခံမူတည်ထားသော တရားဓမ္မများသည် အဘိဓမ္မာသဘောသဘာဝများ ဖြစ်သည်မှလွဲ၍ နိဒ္ဒေသပါဠိတော်နှင့် သဘောသွားတူညီသည်ဟု ဆိုနိုင်ပါသည်။

ကျမ်း၏ ဖွဲ့စည်းပုံ

ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို ဝဂ် (အခန်းကြီး) သုံးခုဖြင့် ဖွဲ့စည်းထားပြီး၊ တစ်ဝဂ်စီတွင် ကထာ (အခန်းငယ်/အပိုင်း) ဆယ်ခုစီ ပါဝင်သဖြင့် စုစုပေါင်း ကထာ (၃၀) ပါရှိပါသည်-

၁။ မဟာဝဂ် (အခန်းကြီးပိုင်း):

၂။ ယုဂနဒ္ဓဝဂ် အစုံလိုက်ပွားများခြင်းပိုင်း):

၃။ ပညာဝဂ် (ပညာပိုင်း):

  • ပညာ
  • တန်ခိုးအမျိုးမျိုး
  • ထိုးထွင်း၍ သိခြင်း
  • ကင်းဆိတ်ခြင်း
  • ဖြစ်ခြင်း
  • ပယ်စွန့်ခြင်း
  • ငြိမ်းအေးခြင်းအလေ့
  • သတိပဋ္ဌာန်တရားလေးပါး
  • ဝိပဿနာ
  • မာတိကာ

ဤတရားဓမ္မများကို အသေးစိတ်ကျသော ရှင်းလင်းချက်များ၊ အမေးအဖြေပုံစံများဖြင့် ဟောကြားထားပါသည်။

ကျမ်း၏ ဂုဏ်ရည်

ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ အဆုံးတွင် ဤကျမ်း၏ ဂုဏ်ကျေးဇူးကို အောက်ပါအတိုင်း ညွှန်းဆိုထားပါသည်-

  • ဤကျမ်းသည် အပိုင်းအခြားမရှိ များပြားလှသော နည်းလမ်းများဖြင့် မဂ်တရားကို ပြဆိုရာ၌ အလွန် နက်နဲ ပါသည်။
  • ကျယ်ဝန်းနက်ရှိုင်းမှု၌ သမုဒ္ဒရာ နှင့် ဥပမာတူပါသည်။
  • မြင့်မြတ်ကျယ်ပြန့်မှု၌ ကြယ်တာရာတို့ဖြင့် တင့်တယ်သော ကောင်းကင် နှင့်လည်း တူပါသည်။
  • အေးချမ်းကြည်လင်မှု၌ ဇာတဿရအိုင်ကြီး (ထူးမြတ်သော အိုင်) နှင့်လည်း တူပါသည်။
  • ဤကျမ်းသည် ပို့ချသော ဆရာ (ကထိက) တို့၏ ဉာဏ်ပညာကို တိုးပွားကျယ်ပြန့်စေ ပါသည်။
  • ကျင့်ကြံအားထုတ်သော ယောဂီသူတော်စင်တို့၏ ဉာဏ်ကို ထွန်းလင်းတောက်ပစေ တတ်ပါသည်။

သို့ဖြစ်၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော်သည် ပဋိသမ္ဘိဒါဉာဏ်များ အပါအဝင် နက်နဲသည့်တရားဓမ္မများကို အသေးစိတ် လေ့လာလိုသူများအတွက် အလွန်အဖိုးတန်သော ကျမ်းတစ်စောင် ဖြစ်ပေသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ပဋိသမ္ဘိဒါပါဠိ (ထီ) [ပဋိသမ္ဘိဒါ+ပါဠိ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ပဋိသမ္ဘိဒါဉာဏ်တို့ကို-ဟောကြား-ပြဆို-ရာ ပါဠိတော်။ ပါဠိယန္တိ ပဋိသမ္ဘိဒါပါဠိယံ။ အံ၊ဋီ၊၁။၂၄၃။(-၂၇ဝ။ ဝိသုဒ္ဓိ၊ ဋီ၊၁၊၂၅ဝ။ ဝိသုဒ္ဓိ၊ဋီ၊၂။၃၃၈။)
  2. ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)

ပြင်ပလင့်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya