ပထဝီသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မြေကြီး ပေါ်၌ချ ထားသော ဇီးစေ့ခန့်မျှရှိသော မြေစိုင်ခဲ (၇)ခဲနှင့် မဟာပထဝီမြေကြီးကိုမှိုင်း စာ၍ သောတာပန်အရိယာသာဝက၏ ခုနစ်ဘဝစာမျှဒုက္ခနှင့် ကုန်ဆုံးပြီးသော ဒုက္ခတို့ကို နှိုင်းယှဉ်၍ သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုရခြင်းအကျိုးကြီးမြတ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မြေကြီးကို ဆီးစေ့ခန့်မှ မြေစိုင်ခဲလုံးပြု၍ “ဤသည်ကား ငါ၏အဖဖြစ်၏၊ ဤသည်ကား ငါ၏ အဖိုးဖြစ်၏ အစရှိသည်ဖြင့် တစ်ခုစီ တစ်ခုစီ ချထားရာ၏။ မြေကြီးသာကုန် သွားသော်လည်း ထိုသူ၏အဖအဆက်ဆက်သည် မကုန်နိုင်ပုံ၊ သံသရာ၏ ရှေ့အစွန်း မထင်ရှား နိုင်ပုံ၊ သံသရာရှည်လျားလှပုံကိုရှု၍ သင်္ခါရတရားအားလုံးတို့၌ နိဗ္ဗိဒါဉာဏ်, ဝိရာဂဉာဏ်, ဝိမုတ္တိဉာဏ်ဖြစ်အောင် အားထုတ်သင့်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia