ပဓာနသုတ်
(၅)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် လူတို့သည် ပစ္စည်းလေးပါးလှူဒါန်းရန် ခဲယဉ်းပုံ၊ ရဟန်းတို့သည် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ လုပ်ငန်းကို အားထုတ်ရန် ခဲယဉ်းပုံ၊ ထိုနှစ်မျိုးတို့တွင် ဥပဓိ၏ ကုန်ရာ နိဗ္ဗာန် ရောက်ကြောင်း ဝိပဿနာလုပ်ငန်းကို အားထုတ်ကျင့်သုံးကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ ၂ ပဓာနသုတ်လုပ်နိုင်ခဲသောအလုပ် ၂-မျိုးမှာ --- လူများအတွက် ဆွမ်း သင်္ကန်း ကျောင်း ဆေး လှူဒါန်းဖို့အလုပ်၊ ရဟန်းတော်များအတွက် ဥပဓိကင်းရာ နိဗ္ဗာန်ရဖို့ အလုပ်ဖြစ်သည်။ ဤအလုပ် ၂-မျိုးတွင် နိဗ္ဗာန်ရဖို့အလုပ်သာ အမြတ်ဆုံးဖြစ်ရာ ဤသာသနာတော်၌ နိဗ္ဗာန်ရဖို့အလုပ် လုပ်ရမည်ဟု ကျင့်ကြဟု ဟောတော်မူသည်။ ဒါနပြုနိုင်ခဲပုံ ၄-တောင်ပိတ်ပိုင်း၊ ဆွမ်းဆန်တလက်ခုပ်၊ သစ်ရွက်မိုးကျောင်း၊ ဆေးအနည်းငယ်ကိုသော်မျှ လှူကြဟုဆိုဖို့ရာ ထုတ်လှူဖို့ရာ ခဲယဉ်းသည်၊ ၂-ဘက် စစ်မြေပြင် ဝင်ရသည်နှင့် တူလှ၏၊ ထို့ကြောင့် ဘုရားရှင်က အလှူပေးခြင်း၊ စစ်တိုက်ခြင်း အတူတူဟု ဟောတော်မူသည်။ အနည်းငယ်သော လှူဖွယ်တို့ကိုပင်ဖြစ်စေ ယုံကြည်မှုရှိမှ လှူနိုင်သည်၊ အရှင်ကား ထိုဒါနကြောင့် ဖြစ်ရာဘဝ ချမ်းသာရသည်။ [၂] [၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သမ္မပ္ပဓာန်တရားလေးပါးကို ပွားများအားထုတ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ သမ္မပ္ပဓာန်တရားလေးပါး ပွားများရခြင်း၏အကျိုးတို့ကိုလည်း ဟောတော်မူပါသည်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သံဝရပ္ပဓာန ပဟာနပ္ပဓာန, ဘာဝနာပ္ပဓာန, အနုရက္ခဏပ္ပဓာန-ဟူသော ပဓာနတရားလေးပါး၏ အကျယ်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အာသဝေါ လေးတန် ကုန်ရာမှန်သည့် နိဗ္ဗာန်ရောက်ကြောင်း သီလဝါ, ဗဟုဿုတ, အာရဒ္ဓ ဝီရိယ, ပညဝါ-ဟူသော အပဏ္ဏကပဋိပဒါကို ကျင့်သုံးသောရဟန်း၏ အာသဝက္ခယ ဉာဏ်ရနိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၆] အလောင်းတော်မြတ် ဒုက္ကရစရိယာကျင့်တော်မူနေစဉ် ဒုက္ကရစရိယာ အကျင့်၏ ကျင့်နိုင်ခဲပုံ၊ အသက်သေဖို့နီးကပ်နေပုံ ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်၍ အသက်ရှင်အောင် အားထုတ်သင့်ပုံ-အစရှိသောစကားတို့ကို ပြောကြား၍ အနီး အနားသို့ရောက်လာသော မာရ်နတ်အား သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ မိမိ၌ အားကောင်းနေပုံ၊ ကာမကိုအလိုမရှိ စင်ကြယ်နေပုံ၊ မာရ်နတ်၏စစ်သည် ၁၀-မျိုး၊ ဂိရိမေခလာဆင်နှင့်တကွ မာရ်နတ်၏ စစ်သည်ဗိုလ်ပါအပေါင်းကို ပညာဖြင့် ဖျက်ဆီးအံ့၊ ငါသည် သမ္မာသင်္ကပ္ပ, သမ္မာသတိ၌ သာဝကတို့ကိုတည်စေလျက် ဆုံးမ၍ လှည့်လည်အံ့၊ ငါ့အဆုံးအမကို လိုက်နာကြကုန်သော သာဝကတို့သည် နိဗ္ဗာန်သို့ ရောက်ကြကုန်လတံ့-အစရှိသောစကားတို့ကို မိန့်ကြားတော်မူပုံ မာရ်နတ်စိတ်လျော့ပြီး ပြန်သွားပုံ၊ ဗေလုဝစောင်းကြီး လွတ်ကျနေခဲ့ပုံတို့ကို အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia