ပရိနိဗ္ဗာနသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် မလ္လနိုင်ငံ ကုသိနာရုံမြို့တော်အနီး အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူချိန် = ပစ္ဆိမဗုဒ္ဓဝစနကို မိန့်တော်မူပြီး သမာပတ် ၉-ပါးကို အနုလုံ ပဋိလုံ အစဉ်အတိုင်း ဝင်စားပြီး ပဌမဈာန်သမာပတ်မှ စတုတ္ထဈာန်သမာပတ်အထိ အစဉ်အတိုင်း ဝင်စားတော်မူပြီး စတုတ္ထဈာန်မှ ထတော်မူပြီးသည်၏အခြားမဲ့၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် = သဟမ္ပတိဗြဟ္မာမင်းက “သဗ္ဗေဝ နိက္ခိပိဿန္တိ” အစရှိသော သံဝေဂဂါထာကိုလည်းကောင်း။ = သိကြားနတ်မင်းက “အနိစ္စာဝတ သင်္ခါရာ” အစရှိသော သံဝေဂဂါထာကိုလည်းကောင်း။ = အရှင်အာနန္ဒာမထေရ်က “တဒါ သိယံ” အရှိသော ဂါထာကိုလည်းကောင်း။ = အရှင်အနုရုဒ္ဓါမထေရ်က “နာဟု အဿာသပဿာသော” အစရှိသော ၂-ဂါထာကိုလည်းကောင်း အသီးသီး ရွတ်ဆိုပူဇော်ပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌လည်း မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂] အရှင်အာနန္ဒာ ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ဥဒါယီ၏ မေးလျှောက်ချက်အရ သမာပတ်ရှစ်ပါးနှင့် သညာဝေဒယိတနိရောဓသမာပတ်ကို ဝင်စားခြင်း၊ ပညာဖြင့်သိမြင်၍ အာသဝေါ တရားတို့ ကုန်ခမ်းခြင်းကို “ပရိနိဗ္ဗာနဟု မိန့်ကြားတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia