ပရိယာယသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံမဝင်မီ တိတ္ထိတို့၏ကျောင်းသို့ရောက်လာသော ရဟန်းတော်တို့အား တိတ္ထိတို့က “ပညာယ ဒုဗ္ဗလီကရဏ၊ စိတ္တဿ ဥပက္ကိလေသဖြစ်သော နီဝရဏတရားငါးပါးကိုပယ်စွန့်ရန် ဗောဇ္ဈင်ခုနစ်ပါးကို မှန်ကန်စွာ ပွားများရန် တပည့်တို့အား ဟောကြားပုံ၊ ရဟန်းဂေါတမနှင့်မိမိတို့ ဓမ္မဒေသနာ အနုသာသနီ ထူးခြားကွဲလွဲမှုမရှိ တူနေကြကြောင်း ပြောကြသည်ကို ရဟန်းတော်များ က မနှစ်သက်သော်လည်း မနှစ်သက် မတားမြစ်ကြပြီး ပြန်လာကြကာ အကြောင်းစုံကို ဘုရားရှင်အား လျှောက်ထားကြပါသည်။ ဘုရားရှင်က “နီဝရဏ ၁၀-ပါး၊ ဗောဇ္ဈင် ၁၄-ပါးရှိပုံကို မေးမြန်းလျှင်ဘုရားရှင်, ဘုရားရှင်၏တပည့် ဘုရားရှင်ထံမှ ကြားနားဖူးသည့်ပုဂ္ဂိုလ်မှတစ်ပါး ကျန်ပုဂ္ဂိုလ်တို့ ပြည့်ပြည့်စုံစုံ မဖြေနိုင်ပုံကို မိန့်ကြားတော်မူပြီး နီဝရဏတရား ၁၀-ပါး၊ ဗောဇ္ဈင် ၁၄-ပါးရှိပုံအကျယ်ကို ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် အကျယ်ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia