ပါဏာတိပါတီသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပါဏာတိပါတီ၊ အဒိန္နာဒါယီ၊ ကာမေသုမိစ္ဆာစာရီ၊ မုသာဝါဒီပုဂ္ဂိုလ်များ ကွယ်လွန်လျှင် ငရဲသို့ရောက်ကြပုံ၊ ယင်းဒုစရိုက်လေးပါးမှ ရှောင်ကြဉ်သောပုဂ္ဂိုလ်များကွယ်လွန်လျှင် နတ်ပြည်သို့ရောက်ပုံကို ကဏှပက္ခ, သုက္ကပက္ခ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်ဒေသနာတော်အတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] သူတစ်ပါးအသက်ကိုသတ်သူ၊ သူတစ်ပါးအသက်ကိုသတ်ခြင်း၌ ဆောက်တည် (ပြုလုပ်)စေသူ၊ နှစ်သက်ကျေနပ်သူ၊ ပါဏာတိပါတ၏အကျိုးကို ချီးမွမ်းသူတို့သည် ကွယ်လွန်ပြီးနောက် ငရဲသို့ရောက်ကြရပုံ၊ ယင်းသဘာဝဓမ္မတို့မှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်တို့ ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ရောက်ကြပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia