ပါပဏိကသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံးတော်မူစဉ် မရသေးသောစည်းစိမ်ဥစ္စာကို ရဖို့ရန် ရပြီးသောစည်းစိမ်ဥစ္စာများ တိုးပွားရန် မဖြစ်နိုင်သော ဈေးသည်၏လုပ်ငန်းသုံးမျိုး ဖြစ်နိုင်သောလုပ်ငန်းသုံးမျိုး နှင့် မရသေးသောကုသိုလ်ကို မရရှိရန်, ရရှိပြီးသောကုသိုလ်ကို မတိုးပွားစေနိုင်သော ရဟန်း၏လုပ်ငန်းသုံးမျိုး ရရှိတိုးပွားစေနိုင်သောရဟန်း၏ လုပ်ငန်းသုံးမျိုးတို့ကို နှိုင်းယှဉ်၍ ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် စည်းစိမ်ဥစ္စာတို့၌ လျင်မြန်စွာ များပြားကြီးပွားနိုင်သော ဈေးသည်နှင့် ကုသိုလ် တရားတို့၌ လျင်မြန်စွာ မြင့်မြတ်ကြီးပွားစေနိုင်သော ရဟန်းတို့၏ စက္ခုမာ, ဝိဓုရ, နိဿယသမ္မန္န တရားသုံးမျိုးတို့ကို ဈေးသည်နှင့် ရဟန်းတော်များအလိုက် အကျယ်တဝင့်ဝေဖန်၍ ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ပဌမသုတ်, ဒုတိယသုတ်တို့၏ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia