ပုပ္ဖသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ငါဘုရားသည် လောကနှင့် ဘယ်အခါမှ ငြင်းခုံတော်မမူ၊ လောက သည်သာ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဟု ဟောကြားတော်မူသော ဘုရားနှင့် ငြင်းခုံနေ၏။ = လောက၌ ပညာရှိတို့သည် ခန္ဓာတစ်ပါးစီကို နိစ္စသဘော, ဓုဝသဘော, သဿတသဘော, အဝိပရိမာဏသဘောမရှိဟု သမုတ်အပ်၏၊ ငါဘုရားသည်လည်း ထိုကဲ့သို့ပင် ဟောတော်မူ၏။ = လောက၌ ပညာရှိတို့သည် ခန္ဓာတစ်ပါးစီကို အနိစ္စသဘော, ဒုက္ခသဘော, ဝိပရိဏာမသဘောရှိ၏ဟု သမုတ်အပ်၏။ ငါဘုရားသည်လည်း ထိုကဲ့သို့ ပင် ဟောကြားတော်မူ၏။ = လောက၌ရှိသော ခန္ဓာငါးပါးဟူသော လောကသဘာဝကို ထိုးထွင်း၍ သိတော်မူ၏။ မဂ်ဉာဏ်ဖြင့် သိမြင်တော်မူ၏။ ထိုသို့ ထိုးထွင်း၍ သိမြင်တော်မူခြင်းကြောင့် ဟောကြားသိစေတော်မူ၏။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်၍ဟောကြားတော်မူ၏။ ထင်ရှားအောင် ဟောကြားတော်မူ၏။ ထိုသို့ အမျိုးမျိုးသောနည်းအားဖြင့် ခွဲခြမ်းစိတ် ဖြာဝေဘန်၍ အသေးစိတ် ဟောကြားတော်မူသော်လည်း မသိတတ်သော ဉာဏ် ပညာမျက်လုံးမရှိသော မသိမမြင်သော မိုက်ကန်းသောပုထုဇဉ်ကို ငါဘုရား အဘယ်သို့ တတ်နိုင်ပါမည်နည်း။ = ရေ၌ပေါက်သော, ရေထဲ၌ကြီးပွားသော, ရေကိုကျော်တက်၍တည်သော ကြာပန်းအမျိုးမျိုးသည် ရေဖြင့်မလိမ်းကျံ မငြိကပ်သကဲ့သို့ ထို့အတူ လောက၌ မွေးဖွားသော, လောက၌ကြီးပွားသော မြတ်စွာဘုရားသည် လောကနှင့် မလိမ်းကျံ မငြိကပ် မတွယ်တာဘဲ လောကကို လွှမ်းမိုး၍ နေတော်မူ၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia