ပုဗ္ဗသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုခ, ဒုက္ခ, အဒုက္ခမသုခ-ဟူသော ဝေဒနာသုံးပါး၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်ပုံ၊ တဏှာသည် ဝေဒနာသမုဒယဂါမိနီပဋိပဒါ, ဝေဒနာ၌ ဆန္ဒရာဂကို ပျောက်ကင်းစေခြင်း, ပယ်စွန့်ခြင်းသည် ဝေဒနာမှ လွတ်မြောက်ပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “သဗ္ဗညုဘုရားရှင် အလောင်တော်ဖြစ်စဉ် ဣဒ္ဓိပါဒ်လေးပါး ပွားများပုံ ဣဒ္ဓိပါဒ်လေးပါးကို စနစ်တကျ ပွားများတော်မူခြင်းကြောင့် ဣဒ္ဓိဝိဓအဘိညာဉ် ဒိဗ္ဗသောတအဘိညာဉ်, စေတောပရိယအဘိညာဉ်, ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ် (ယထာကမ္မူပဂအဘိညာဉ်), အာသဝက္ခယ စေတောဝိမုတ္တိ ပညာဝိမုတ္တိဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ရရှိပြည့်စုံ၍ နေတော်မူ ပုံ”ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia