ပေါက္ခရဏီသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “အလျား ယူဇနာ ၅၀၊ အနံယူဇနာ ၅၀၊ အနက် (အနောက်) ယူဇနာ ၅၀-ရှိသောကမ်း၌ နားထောက်၍ ကျီးငှက်သောက်နိုင်အောင် ရေပြည့်နေသော ရေကန်၌ ယောက်ျားက သမန်းမျက်ဖျားဖြင့် ရေကိုပက်၍ ရေကန်၌ ကျန်ရှိနေသော ရေတို့ကဲ့သို့ သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ပြီးသော သောတာပန် အရိယာသာဝက၌ ကုန်ပြီးသော ဆင်းရဲဒုက္ခတို့ များပြား လှပုံ၊ ခုနစ်ဘဝတာ၌ရှိသော ဆင်းရဲဒုက္ခသည် ကုန်ပြီးသော ဆင်းရဲဒုက္ခကို ထောက် ဆလျှင် အဆရာပေါင်းမက, ထောင်ပေါင်းမက, သိန်းပေါင်းမက နည်းပါး လှပုံ၊ သောတာပတ္တိ မဂ်ဉာဏ်ကို ထိုးထွင်း၍သိခြင်း, ဓမ္မ (သောတာပတ္တိမဂ်ဉာဏ်) စက္ခုကိုရခြင်းသည် သို့ကလောက် အကျိုးကြီးမြတ်ပုံ”တို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အထက်သုတ်တော်၌ ဟောတော်မူအပ်သော ရေကန်ဥပမာဖြင့် သစ္စာလေးပါးကို သိပြီးသော သောတာပန်ပုဂ္ဂိုလ်၏ ခုနစ်ဘဝဟူသော ကြွင်းကျန်နေသော ဆင်းရဲဒုက္ခသည် ရေတွက်နှိုင်းယှဉ်လောက်သော အစိတ်အပိုင်းသို့ မရောက်အောင် နည်းပါးလှပုံ၊ သစ္စာလေးပါးကို မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍သိအောင် အားထုတ်လိုက်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia