ပေါတ္ထကသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် လျှော်မြင် ပုဆိုးသစ်, တစ်ပတ်ရစ်, အဟောင်း သုံးမျိုးသည် အဆင်းမလှသကဲ့သို့ နဝ, မဇ္ဈိမ, ထေရ ရဟန်းများသည် သီလမရှိ မကောင်း(ယုတ်မာ)သော အကျင့်သဘောရှိကြသည်။ = လျှော်မျှင်ပုဆိုးသုံးမျိုးတို့သည် ကြမ်းတမ်းသော အတွေ့ ရှိကုန်သကဲ့သို့ ထိုရဟန်းတို့ကို မှီဝဲ, ဆည်းကပ်, ပြုစုလုပ်ကျွေး အတုယူပြုကျင့်ကုန်သော ရဟန်းတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး အဟိတ, ဒုက္ခ-ဟူသောအကျိုးကို ရကြပေသည်။ = လျှော်မျှင်ပုဆိုးသုံးမျိုးတို့သည် တန်ဖိုးနည်း (အဖိုးမတန်)ကုန်သကဲ့သို့ ထို့အတူ ရဟန်းတို့အား ပစ္စည်းလေးပါးကို လှူဒါန်းကြသော အလှူရှင်များသည် အနည်းငယ်မျှသော ကောင်းမှု၏အကျိုးကိုသာ ရကြကုန်၏။ = ကာသိတိုင်းဖြစ် အဝတ်သစ်, တစ်ပတ်ရစ်, အဝတ်ဟောင်းသည် အဆင်း လှကုန်သကဲ့သို့ နဝ, မဇ္ဈိမ ထေရ ရဟန်းတော်များသည် သီလရှိကြ, ကောင်းသော သဘောရှိကြသည်။ = ကာသိတိုင်းဖြစ် အဝတ်သုံးမျိုးသည် ကောင်းသောအတွေ့အထိ ရှိကုန် သကဲ့သို့ နဝ, မဇ္ဈိမ, ထေရ ရဟန်းတော်များကို မှီဝဲ, ဆည်းကပ်, ပြုစုလုပ်ကျွေး အတုယူ၍ ပြုကျင့်ကြသော ရဟန်းတော်များသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ် လုံး ကြီးပွားချမ်းသာကြသည်။ = ကာသိတိုင်းဖြစ် အဝတ်သုံးမျိုးသည် အဖိုးများစွာ ထိုက်တန်သကဲ့သို့ ထို နဝ, မဇ္ဈိမ, ထေရ ရဟန်းတော်များအား ပစ္စည်းလေးပါး လှူဒါန်းကြသော အလှူရှင်များသည် ကြီးမားမြင့်မြတ်သော အကျိုးအာနိသင်တို့ကို ရရှိခံစားကြရသည်။ = ဤသို့ ကောင်းသောသဘောရှိသော မထေရ်မြတ်ကို ရဟန်းတော်များက ရိုသေလေးစားကြသည်။ ထို့ကြောင့် လျှော်မျှင်အဝတ်နှင့်တူသောပုဂ္ဂိုလ်မျိုး မဖြစ်အောင် ကာသိတိုင်းဖြစ် တန်ဖိုးရှိသော အဝတ်နှင့်တူသူဖြစ်အောင် ကျင့်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia