ဖလသုတ်
(၆)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် သဒ္ဓိန္ဒြေအစ ပညိန္ဒြေအဆုံးရှိသော ဣန္ဒြေငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် အနာဂါမိဖိုလ်, အရဟတ္တဖိုလ် နှစ်မျိုးတို့တွင် တစ်မျိုးမျိုးကို မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို မချွတ်မုချ ရရှိနိုင်သည်။ ဥပါဒါန် အကြွင်းအကျန် ရှိနေသေးလျှင် အနာဂါမိဖိုလ်ကို ရနိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အထက်သုတ်တော်ပါ သဒ္ဓိန္ဒြေအစရှိသော ဣန္ဒြေငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန် များစွာ အလေ့အလာပြုအပ်သည်ရှိသော် ၁။ မကွယ်လွန်မီ ကြိုတင်၍ မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရရှိနိုင်ခြင်း။ ၂။ ကွယ်လွန်ခါနီးအချိန်၌ ရနိုင်ခြင်း။ ၃။ ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးတို့ကုန်ခြင်းကြောင့် အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်ဖြစ်ခြင်း။ ၄။ ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၅။အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၆။ သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၇။ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီပုဂ္ဂိုလ်ဖြစ်ခြင်းဟူသော အကျိုးအာနိသင် ၇-ပါးတို့ကို မချွတ်ဧကန် ရနိုင်သည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် အနာဂါမိဖိုလ်, အရဟတ္တဖိုလ်တို့သို့ ရောက်နိုင်ပုံကို အထက်သုတ်တော်များအတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ဣဒ္ဓိပါဒ်လေး မျိုးကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် အကျိုး အာနိသင် (၇)ပါးတို့ကို မချွတ်မုချ ရရှိလိမ့်မည်-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အာနာပါနဿတိ သမာဓိကို ပွားများပုံ ပွားများနည်း အကျိုးအာနိသင် များပြားအောင် ပွားများအပ်, ကြိမ်ဖန်များစွာ ပွားများအပ်, အလေ့အလာပြုအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အနာဂါမ်, ရဟန္တာ မချွတ်ဧကန် ဖြစ်လိမ့်မည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၆] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အာနာပါန ဿတိ သမာဓိကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ရရှိခံစားအပ်သော အကျိုးအာနိသင် (၇)ပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia