ဖေဏပိဏ္ဍူပမသုတ်
[၁] ဘုရားရှင် ဂင်္ဂါမြစ်ကမ်း အယုဇ္ဈပုရမြို့အနီး တောရကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဂင်္ဂါမြစ်ထဲ၌ မျောပါလာသော “ရေမြှုပ်ဆိုင်ကြီး နှင့် ရူပက္ခန္ဓာ, မိုးရွာစဉ် ဖြစ်ပေါ်လာသော “ရေပွက်”နှင့် ဝေဒနာက္ခန္ဓာ, နွေဥတု၏နောက်ဆုံးလ နေ့ပိုင်း၌ တွေ့မြင်ရသော “တံလှပ်”နှင့် သညာက္ခန္ဓာ, အနှစ်ကိုရှာ၍မရသော “ငှက်ပျောတုံး” နှင့် သင်္ခါရက္ခန္ဓာ, “မျက်လှည့်ပညာ နှင့် ဝိညာဏက္ခန္ဓာတို့ကို နှိုင်းယှဉ်၍ စူးစူးစိုက်စိုက် ဆင်ခြင်လိုက်သည့်အခါ “နိစ္စသာရ, ဓုဝသာရ, အတ္တသာရမမှီ အချီးအနှီးဖြစ်နေပုံ ငါ, ငါ့ဥစ္စာ.ငါဟာ-ဟု ယူ၍မရပုံ, ခန္ဓာတစ်ပါးလျှင် ဥပမာတစ်ခုစီဖြင့် အကျယ် ဝေဖန်၍ ဟောတော်မူပြီး သုတဝန္တအရိယာသာဝကအား နိဗ္ဗိန္ဒဉာဏ်, ဝိရာဂဉာဏ်, ဝိမုတ္တိဉာဏ်တို့ ဖြစ်ပေါ်လာပုံမှစ၍ ရဟန္တာဖြစ်သည်အထိ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia