ဗဟုဘာဏိသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဉာဏ်ပညာဖြင့် ပိုင်းခြားဝေဖန်မှုမရှိဘဲ စကားများသောပုဂ္ဂိုလ်၌ ဝစီဒုစရိုက်လေးပါးကို ပြောမိခြင်း၊ ကွယ်လွန်သည့်အခါ ဒုဂ္ဂတိဘဝသို့ရောက်ရခြင်းဟူသော အပြစ်ငါးပါးနှင့် ဉာဏ်ပညာဖြင့် ပိုင်းခြားဝေဖန်၍ စကားပြောရာဝယ် ဝစီဒုစရိုက်လေးပါးကို မပြောမိခြင်း၊ ကွယ်လွန်သည့်အခါ သုဂတိဘဝသို့ရောက်ရခြင်းဟူသော ကဏှပက္ခ, သုက္ကပက္ခ ဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်ရှိပါသည်။ [၂] ဗဟုဘာဏိသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စကားများသော ပုဂ္ဂိုလ်၌ အပြစ်ငါးမျိုးနှင့် ပညာဖြင့် နှိုင်းချိန်၍ စကားပြောသော ပုဂ္ဂိုလ်၌ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃] ဗဟုဘာဏိသုတ်ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -
ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့ပင်တည်း။[၃] ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -
ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃] ကိုးကား
|
Portal di Ensiklopedia Dunia