ဗာဟိတိကသုတ်
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “ဝိညူ သမဏ ဗြာဟ္မဏတို့ ကဲ့ရဲ့ပြစ်တင်သော ကာယသမာစာရ၊ ဝစီသမာစာရ၊ မနောသမာစာရ ဘုရားရှင် ခွင့်ပြုတော်မမူပုံ၊ အကုသလ၊ သာဝဇ္ဇ၊ သဗျာဗဇ္ဈ၊ ဒုက္ခဝိပါကဖြစ်သော ကာယသမာစာရ၊ ဝစီသမာစာရ၊ မနောသမာစာရ၊ ဝိညူ သမဏဗြဟ္မဏတို့ မကဲ့ရဲ့သော ကာယသမာ စာရ၊ ဝစီသမာစာရ၊ မနောသမာစာရ ဘုရားရှင်ပြုတော်မူပုံ အနဝဇ္ဇ၊ အဗျာဗဇ္ဈ၊ သုခဝိပါက ကာယသမာစာရ၊ ဝစီသမာစာရ၊ မနောသမာစာရတို့နှင့် ဘုရားရှင်သည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ အလုံးစုံသော ကုသိုလ်တရားတို့နှင့် ပြည့်စုံခြင်းကို ချီးမွမ်းတော်မူပြီး ဘုရားရှင်သည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူပြီးပုံ၊ ကုသိုလ်တရားတို့နှင့်သာ ပြည့်စုံတော်မူပုံကို ကောသလမင်းက မေးလျှောက်အပ်သောဓမ္မအသီးအသီးတို့ကို အချက်ကျကျ ဖြေကြားတော်မူသည့်အခါ ကောသလဘုရင်က အနုမောဒနာကထာကို လျှောက်ထားပါသည်။ အစိရဝတီ မြစ်ရေ ဥပမာဖြင့် ဗာဟိတိကတိုင်းဖြစ် အဝတ်ကို လှူဒါန်းပြီး ပြန်သွားပါသည်။ အရှင်အာနန္ဒာထေရ်သည် ဘုရားရှင်ထံတော်သို့ရောက်သည့်အခါ ကောသလဘုရင်၏ မေးမြန်းပုံနှင့် မိမိ၏ ဖြေကြားခဲ့ပုံကို ဘုရားရှင်အား လျှောက်ထားပါသည်။ ဘုရားရှင် အနုမောဒနာပြု လက်ခံအတည်ပြုပုံ၊ ရဟန်းတို့က ဝမ်းမြောက် ဝမ်းသာ လက်ခံကြပုံတို့ကို အကျယ်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ ပါဠိတော်၌ အသေးစိတ် အပြည့်အစုံရှိပါသေးသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia