ဗာဟိယသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင်သည် ကောသလတိုင်း၌ သီတင်းသုံးတော်မူနေစဉ် ဗာဟိယထေရ်၏ လျှောက်ထားချက်အရ အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ဗဟိဒ္ဓါယတန ခြောက်ပါး၊ ဝိညာဏဓာတ် ခြောက်ပါး၊ သမ္ဖဿ ခြောက်ပါးတို့ကို အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် မေးမြန်းသောကြောင့် ဘုရားရှင် ဟောတော်မူပါသည်။ အရှင်ဗာဟိယထေရ် တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်ပုံကို ပြဆိုသည့်သုတ်။ [၂] ဘုရားရှင်သည် ကောသလတိုင်း၌ သီတင်းသုံးတော်မူနေစဉ် အရှင်ဗာဟိယထေရ်၏ လျှောက်ထားချက်အရ ကုသိုလ်တရားတို့၏အစသည် သုဝိသုဒ္ဓသီလနှင့် ဥဇုကတာဒိဋ္ဌိဖြစ်ပုံ၊ သီလ၌မှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါး ပွားများပုံ၊ အလုပ်ပေးတရားတော်ကို ဘုရားရှင် ဟောကြားတော်မူပါသည်။ အရှင်ဗာဟိယသည် သတိပဋ္ဌာနဘာဝနာကို ကြိုးစားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်ပုံကို ပြဆိုသည့်သုတ်။ [၃] ဘုရားရှင်သည် ကောသလတိုင်း၌ သီတင်းတော်မူနေစဉ် သာဝတ္ထိမြို့တွင်း ဆွမ်းခံဝင်နေတော်မူသော ဘုရားရှင်အား မိတ်ဆွေဟောင်းဗြဟ္မာ၏ စေလွှတ်ချက်အရ အတင်းအကြပ်လျှောက်ထားသော ဒါရုစီရိယဗာဟိယ၏ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” အစချီသော ဒေသနာတော်၏အဆုံး၌ ရဟန္တာဖြစ်ပုံ မကြာမီ ပရိနိဗ္ဗာန်စံပုံ အစရှိသော အရှင်ဗာဟိယ၏ပစ္စုပ္ပန်ဘဝ နေဝင်ချိန်ကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ ဒါရုစိရိယအရှင်ဗာဟိယ၏ဝတ္ထုအပြည့်အစုံကို ဖွင့်ဆိုထားပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia