ဗျသနသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန တို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ အပါယ်လေးပါး မရောက်နိုင်ပုံ၊ သီလဗျသန, ဒိဋ္ဌိဗျသနတို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ အပါယ်လေးပါးသို့ ကျရောက်ကြပုံနှင့် သမ္ပဒါတရားငါးပါးတို့တွင် ဉာတိသမ္ပဒါ၊ ဘောဂသမ္ပဒါ၊ အာရောဂျ သမ္ပဒါသုံးပါးတို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ နတ်ရွာသုဂတိ မရောက် နိုင်ကြပုံ၊ သီလသမ္ပဒါ၊ ဒိဋ္ဌိသမ္ပဒါ နှစ်ပါးကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ နတ်ရွာသုဂတိသို့ရောက်ကြပုံ၊ ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ဘေးကိုပြ၍ ငြိမ်းခြောက်သူ၊ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲကဲ့ရဲ့သောပုဂ္ဂိုလ်များ ရရှိခံစားရမည့် အပြစ် ၁၁-မျိုးကို သုက္ကပက္ခ, ကဏှပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia