ဗြဟ္မစရိယသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အဋ္ဌင်္ဂိကအရိယမဂ်သည် ဗြဟ္မစရိယ၊ အရိယဖိုလ်လေးပါးသည် ဗြဟ္မစရိယဖလဖြစ်ပုံကို တစ်ပါးစီ တစ်ပါးစီ အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အဋ္ဌင်္ဂိကအရိယမဂ်သည် ဗြဟ္မစရိယ၊ ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယသည် ဗြဟ္မစရိယတ္တဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဇနကုဟနတ္ထ, ဇနလပ နတ္ထ, လာဘသက္ကာရ သိလောကာနိသံသတ္ထ, ဣတိဝါဒပ္ပမောက္ခာနိသံသတ္ထ၊ ဣတိမံဇနောဇာနာတု-ဟူသော ရည်ရွယ်ချက်များဖြင့် ဗြဟ္မစရိယကို မကျင့်ရပုံ၊ သံဝရတ္ထ, ပဟာနတ္ထ, ဝိရာဂတ္ထ, နိရောဓတ္ထအတွက်ကျင့်ရပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ အကျယ်ဖွင့်ပြချက် မှတ်သားဖွယ်များရှိပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia