ဗြဟ္မာယုသုတ်

ဘုရားရှင် ဝိဒေဟနိုင်ငံ မိထိလာမြို့အနီး မဃဒေဝမ္ဗဝန၌ သီတင်းသုံးတော်မူစဉ် အသက် (၁၂၀)ရှိ ဝေဒပါရဂူ ဗြဟ္မာယုပုဏ္ဏားကြီးက တပည့်ဥတ္တရလုလင်အား ဘုရားရှင်ထံ စုံစမ်းရန်စေလွှတ်ပုံ၊ ဥတ္တရလုလင်က ဘုရားရှင်၌ မဟာပုရိသလက္ခဏာတော်ကြီး (၃၂)ပါး အပြည့်အစုံရှိ/မရှိ လေ့လာပြီး ဘုရားရှင်၏နောက်သို့ ခုနစ်လ ပတ်လုံးလိုက်၍ ဘက်စုံစိစစ်ထောက်လှမ်း၍ အပြစ်ရှာရာ တစ်စုံတစ်ရာ အပြစ် မတွေ့၍ မဟာပုရိသလက္ခဏာတော်များနှင့်ပြည့်စုံပုံ၊ ခုနစ်လအတွင်းတွေ့ရှိခဲ့သော ဘုရားရှင်၏ဂုဏ်တော်များကို ပြည့်ပြည့်စုံစုံ ဗြဟ္မယုဗြာဟ္မဏဆရာကြီးအား ပြန်လည် ပြောပြရာ ဗြဟ္မယုဗြာဟ္မဏဆရာကြီးက ဘုရားရှင်သီတင်းသုံးရာ အရပ်ဘက်သို့ လှည့်၍ “နမော တဿ” မဟာပဏာမဖြင့် ဘုရားရှင်အား မှန်းဆရှိခိုးပုံ၊ ဘုရားရှင် ဝိဒဟေနိုင်ငံ မိထိလာမြို့အနီး မဃဒေဝ သရက်တောဥယျာဉ်၌ သီတင်းတော်မူစဉ် မိထိလာမြို့သူမြို့သားတို့ ဘုရားဖူးသွားကြပုံ၊ ဗြဟ္မာယုဗြာဟ္မဏဆရာကြီးက မိမိ၏ ဂုဏ်ပုဒ်များကို ပြည့်ပြည့်စုံစုံဖော်ထုတ်၍ လုလင်တစ်ယောက်အား လျှောက်ထားစေပြီး ဖူးခွင့်ပြုရန် ကြိုတင်လျှောက်ထားပုံ၊ ဘုရားရှင်ထံ ကိုယ်တိုင်သွားရောက် ဖူးမြော်ပုံ၊ မဟာပုရိသလက္ခဏာတော်တို့ကို ကိုယ်တိုင်ရှာဖွေတွေ့ရှိပုံ၊ ဘုရားရှင်အား ပုစ္ဆာရှစ်ချက် မေးလျှောက်ပုံ၊ ယင်းပုစ္ဆာများ ဖြေကြားသည်ကို နာယူပြီး ဗြဟ္မာယု ဗြာဟ္မဏဆရာကြီး အောက်မဂ်, အောက်ဖိုလ် သုံးခုကို ရရှိသွားပုံ၊ ဘုရားအမှူး ရှိသော သံဃာတော်အား ဆွမ်းလုပ်ကျွေးလှူဒါန်းပုံ၊ ဘုရားရှင် မိထိလာမြို့မှ ပြန်ကြွတော်မူပြီး မကြာမီကွယ်လွန်ပုံ-အစရှိသည်တို့ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များ များစွာရှိပါသည်။ [] []

ကိုးကား

  1. -မ၊၂၊၃၃၄-၃၄၇။ မ၊မြန်၊၂၊၃၃၈-၃၅၀။ မ၊ဋ္ဌ၊၃၊၂၄၇-၂၇၂။ မ၊ဋီ၊၃၊၁၆၆-၁၈၁။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြာဟ္မဏဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya