ဗြာဟ္မဏသုတ်
(၃)သုတ် ရှိပါသည်။ [၁] -ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဗြာဟ္မဏတို့၏ ဥဒယ ဂါမိနီ (ကြီးပွားတိုးတက်ရေးအတွက်) ပဋိပဒါနှင့် အရိယာဖြစ်တော်မူသော မြတ်စွာဘုရားရှင် သာသနာတော်၌ ဥဒယဂါမိနီပဋိပဒါ ပညတ်ပုံ ခြားနားချက်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပပြုအပ်ပြီးသော မကောင်းမှု တရားခုနစ်မျိုးရှိသောကြောင့် ဗြာဟ္မဏမည်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာန၊ အရှင်မဟာကောဋ္ဌိက၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာစုန္ဒ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်နန္ဒထေရ်တို့ မိမိထံကြွလာနေကြသည်ကို တွေ့မြင်တော်မူခြင်းကြောင့် “ဤ ဗြာဟ္မဏတို့ လာနေကြကုန်၏”ဟုမိန့်တော်မူရာ ဗြာဟ္မဏဇာတ်ရှိသော ရဟန်း တစ်ပါးက ဗြာဟ္မဏ-ဗြာဟ္မဏကာရကဓမ္မတို့ကို မေးလျှောက်ခြင်းကြောင့် “ဗာဟိတွာ” အစရှိသော ဂါထာဖြင့် ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များစွာရှိပါသည်။ [၄] ဗြာဟ္မဏသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အပပြုအပ်ပြီးဖြစ်သော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၅] ဗြာဟ္မဏသုတ်အပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏ မည်၏။ [၅]
ရဟန်းတို့ ဤအပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်၏ ဟု(မိန့်တော်မူ၏)။[၅] ကိုးကား
|
Portal di Ensiklopedia Dunia