ဘဂိနိသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့တော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သံသရာ၏ စတင်ဖြစ်ပေါ်လာရာအခါကို မသိနိုင်ပုံ၊ အဝိဇ္ဇာဖြင့် (ပညာ မျက်စိကို) ပိတ်ဖုံးထားအပ်ကုန်သော တဏှာဖြင့် ဖွဲ့တုတ်ချည်နှောင်ထားအပ်ကုန်သော တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားနေကုန်၊ ထက်အောက်စုန်ဆန်သွားနေကြကုန်သော သတ္တဝါတို့၏ရှေးအစသည် မထင်ရှား။ ရှည်လျားလှစွာသော ကာလ အတွင်း၌ သမီးမဖြစ်ဖူးသော သတ္တဝါမည်သည် မရှိနိုင်။ သံသရာ၏ ရှည်လျားလှပုံ၊ ဤသို့ ရှည်လျားလှသွားသော သံသရာပတ်လုံး ရှည်မြင့်စွာသောကာလပတ်လုံး ဆင်းရဲအမျိုးမျိုး၊ ပြင်းထန်လှသော ဒုက္ခအဖုံဖုံ ပျက်စီးမှုအမျိုးမျိုးတို့ကို အဖန်ခံစား ခဲ့ရပုံ သင်္ချိုင်းမြေတိုးပွားခဲ့ပုံ၊ အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ ငြီးငွေ့ရန်၊ တပ်မက်စွဲလမ်းမှု ကင်းပျောက်ရန်၊ လွတ်မြောက်ရန် လွန်လွန်ကဲကဲ ဘာဝနာ လုပ်ငန်းကို အားထုတ်သင့်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia