ဘဒ္ဒေကရတ္တသုတ်
နိကာယ်ငါးရပ်တို့တွင် မဇ္ဈိမနိကာယ်၌ အဝင်အပါ ဖြစ်သော ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် တွင် -ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည ဟူသော အမည်ဖြင့် သုတ္တန်လေးခု လာရှိပေသည်။ [၁] သုတ္တန်လေးခုထိုတွင် ပထမ ဘဒ္ဒေကရတ္တသုတ္တန်ကား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော် မူအပ်သော သမ္မာသမ္ဗုဒ္ဓဘာသိတသုတ္တန် ဖြစ်၏။ ဒုတိယသုတ္တန်ကား အသျှင်အာနန္ဒာကိုယ်တော်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။ တတိယသုတ္တန်ကား အသျှင်မဟာကစ္စည်းမထေရ်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။ စတုတ္ထသုတ္တန်မှာ အသျှင်လောမသကင်္ဂိယမထေရ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သမ္မာသမ္ဗုဒ္ဓဘာသိတ သုတ္တန်ပင် ဖြစ်၏။ ပထမ - ဒုတိယ - စတုတ္ထသုတ္တန်တို့တွင် ခန္ဓာငါးပါးနည်းဖြင့် တတိယသုတ္တန်တွင် အာယတန တစ်ဆယ့်နှစ်ပါးနည်းဖြင့် ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည - အဓိပ္ပါယ်ကို ရှင်းလင်း ဟောကြားထားတော် မူပေသည်။[၁] အကျဉ်းချုပ် အဓိပ္ပါယ်ထို သုတ္တန်တို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိနေသော အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါးတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာတို့ဖြင့် နေ့ညဉ့်တို့ ပတ်လုံး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ရဟန်းတော်ကို ကောင်းသော ည တစ်ည ရှိသော ရဟန်း ထိုညကို ကောင်းသော ည တစ်ညဟု ဟောကြားထားတော်မူပေသည်။[၁] ပထမဂါထာအရ အတိတ်ကို လိုက်ပုံနှင့် မလိုက်ပုံ၁။ (က) အတိတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)သည် ချုပ်ပျက်ခဲ့ပြီး ဖြစ်သောကြောင့် အတိတ် ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟူ၍ အစဉ် မလိုက်လေရာ။[၂] ဘုရားရှင်နှင့် အရှင်မဟာကစ္စည်းမထေရ်မြတ်တို့က အတိတ်ဖြစ်သော ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးဟူသော ရုပ်တရား နာမ်တရားတို့၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေလျှင် အတိတ်ကို လိုက်သည်မည်၍ နှစ်သက်မှု နန္ဒီတရားကို မဖြစ်စေလျှင် အတိတ်ကို မလိုက်သည်မည် ကြောင်းသာ ရှင်းလင်းထား၏။ [၃][၁] အနာဂတ်ကို မျှော်ပုံနှင့် မမျှော်ပုံ( ခ ) အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး) သည်လည်း မရောက်ရှိလာသေး မဖြစ်ပေါ် လာ သေးသောကြောင့် အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကိုလည်း တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ။ နောင်အနာဂတ်ကာလ ဘဝထိုထို၌ ရရှိမည့် ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးတည်းဟူသော ရုပ်တရား နာမ်တရားတို့အပေါ်၌ နှစ်သက်မှုဖြစ်နေသော် အနာဂတ်ကို မျှော်လင့်တောင့်တနေသည် မည်၏ဟု မှတ်ပါ။ အနာဂတ်ခန္ဓာ (၅) ပါး (= အာယတန - ၁၂-ပါး)တို့ကို ငါ ဒီလို ဖြစ်ရလို၏၊ ငါ့ဟာ ဒီလို ဖြစ်ရလို၏ဟု တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်ရဟု ဆိုလိုသည်။[၁] ဒုတိယဂါထာအရ ပစ္စုပ္ပန်တရား၌ တဏှာဒိဋ္ဌိတို့က ဆွဲငင်ပုံနှင့် မဆွဲငင်ပုံပစ္စုပ္ပန်တရားတို့၌ ဝိပဿနာဉာဏ် မဖြစ်သည့် အတွက်ကြောင့် = ဝိပဿနာဉာဏ်၏ ထင်ရှား မရှိခြင်း ကြောင့် တဏှာဒိဋ္ဌိတို့က ဆွဲငင်အပ်၏။ ပစ္စုပ္ပန်တရားတို့၌ ဝိပဿနာဉာဏ် ဖြစ်နေသည့် အတွက်ကြောင့် ဝိပဿနာဉာဏ်၏ ထင်ရှားရှိနေခြင်းကြောင့် တဏှာဒိဋ္ဌိတို့က မဆွဲငင်အပ် မဆွဲငင်နိုင်ခြင်း ဖြစ်၏။ [၄][၁] ဂါထာနှစ်ခုလုံးကို ခြုံငုံသုံးသပ်ချက်၁။ အတိတ်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်, ၂။ အနာဂတ်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်, ၃။ ပစ္စုပ္ပန်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန် -- ညွှန်ကြားနေတော်မူကြောင်း ထင်ရှားနေပေသည်။ ထိုတွင် ပစ္စုပ္ပန်ခန္ဓာ (၅) ပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာ (၅) ပါးတို့ကို အနိစ္စာနုပဿနာ စသော (၇) မျိုးသော အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရန်ကိုပါ ပူးတွဲညွှန်ကြားထားတော်မူ၏။[၁] ကိုးကား |
Portal di Ensiklopedia Dunia