ဘရဏ္ဍုကာလာမသုတ်
[၁] ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ ဘရဏ္ဍုကာလာမ၏ သင်္ခမ်းကျောင်း၌ သီတင်းသုံးတော်မူနေစဉ် မဟာနာမ်သာကီဝင်အား (၁) ဧကစ္စော သတ္ထာ ကာမာနံ ပရိညံ ပညပေတိ န ရူပါနံ ပရိညံ ပညပေတိ န ဝေဒနာနံ ပရိညံ ပညပေတိ။ (ပဌမဇ္ဈာန ရူပါဝစရ သမာပတ္တိလာဘီ) (၂) ဧကစ္စော သတ္ထာ ကာမာနံ ပရိညံ ပညပေတိ၊ ရူပါနံ ပရိညံ ပညပေတိ၊ န ဝေဒနာနံ ပရိညံ ပညပေတိ။ (အရူပါဝစရသမာပတ္တိလာဘီ) (၃) ဧကစ္စော သတ္ထာ ကာမာနံ ပရိညံ ပညပေတိ၊ ရူပါနံ ပရိညံ ပညပေတိ၊ ဝေဒနာနံ ပရိညံ ပညပေတိ၊ (သမ္မာသမ္ဗုဒ္ဓေါ)- ဟု ဆရာသုံးမျိုးတို့ ထင်ရှားရှိကုန်။ ထိုဆရာသုံးမျိုးတို့၏ ပြီးဆုံးဂတိသည် တူသလော၊ သို့မဟုတ် ထူးသလော-ဟု ဘုရားရှင်က မေးတော်မူသည်ကို ဘရဏ္ဍု ကာလာမက “မဟာနမ်တူသည်”ဟု ဆိုလိုက်ပါလော့ ပြောဆို၏။ ဘုရားရှင်က မဟာနာမ်သာကီဝင်အား “ထူးခြားကွဲပြား၏”ဟုဆိုလော့ဟု မိန့်တော်မူပါသည်။ သုံးကြိမ်တိုင်တိုင်ပင် ဘရဏ္ဍုကာလာမရသေ့က “တူသည်”ဟု ဆိုလော့ဟု မဟာနာမ် သာကီဝင်မင်းအား ပြောဆိုပါသည်။ ဘုရားရှင်က “မဟာနာမ် ထူးခြားကွဲပြားပါ၏ ဟု ဆိုလော့ဟု မိန့်တော်မူပါသည်။ ဘရဏ္ဍုကာလာမရသေ့သည် “တန်ခိုးကြီးသော မဟာနာမ်သာကီဝင်မင်း၏ မျက်မှောက်၌ ရဟန်းဂေါတမသည် သုံးကြိမ်တိုင်တိုင် ငါ့ကို မောင်းမဲ၏၊ ငါသည် ကပိလဝတ္ထုမြို့တော်မှ ထွက်သွားရမူ ကောင်းပေလိမ့်မည်”ဟု ကြံစည်ပြီး ကပိလဝတ္ထုမြို့တော်မှ တစ်ဖန် ပြန်မလာသော ဖဲခွာခြင်းဖြင့် ဖဲခွာထွက်သွားသည်ကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia