ဘောဇနသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဆွမ်းအလှူရှင်၏ ဒါနလေးမျိုးနှင့် အလှူရှင် အလှူခံ နှစ်ဦးလုံးရနိုင်သော အကျိုးလေးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဆွမ်းအလှူရှင်၏ ဒါနငါးမျိုးနှင့် အလှူရှင်, အလှူခံပုဂ္ဂိုလ်နှစ်ဦးလုံး ရရှိခံစားနိုင်သော အကျိုးငါးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ဘောဇနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၄] ဘောဇနသုတ်ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - [၄]
အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏။ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့် နတ်အဆင်းကိုသော်လည်းကောင်း လူအဆင်းကိုသော်လည်းကောင်း လှရန် ဖြစ်၏။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏။ ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း လူခွန်အားသော်လည်းကောင်း ကြီးရန်ဖြစ်၏။ ပညာကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ပညာသော်လည်းကောင်း လူပညာသော်လည်းကောင်း ရှိရန်ဖြစ်၏။[၄] ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်၏ဟု (မိန့်တော်မူ၏)။
ကိုးကား
|
Portal di Ensiklopedia Dunia