မက္ကဋသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရဟန်းတို့ ဟိမဝန္တာ တောင်မင်း၌ မျောက်တို့လည်း မသွားလာနိုင်၊ လူတို့လည်း မသွားလာနိုင်သော၊ သွားလာရခက်ခဲသော မညီညွတ်သောဒေသ၊ မျောက်တို့သာသွားလာနိုင်ပြီး လူတို့ သွားလာ၍မရသော အသွားရခက်ခဲသော မညီမညွတ်သောဒေသ၊ မျောက်နှင့်လူတို့ သွားလာနိုင်သော ညီညွတ်သောဒေသတို့ရှိကုန်၏။ ထိုဒေသ၌ မျောက်တို့ကိုဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းငှာ လူတို့သည် မျောက်နှဲစေးကို ထောင်ထားကြကုန်၏။ လိမ္မာသောမျောက်တို့သည် မျောက်နှဲစေးကိုမြင်လျှင် ဝေးရာကရှောင်ကွင်း သွားကြကုန်၏။ မလိမ္မာသော လျှပ်ပေါ်လော်လီသောမျက်သည် မျောက်နှဲစေး၌ လက်နှစ်ဖက်, ခြေနှစ်ဖက်, ဦးခေါင်းတို့ဖြင့် ကပ်ငြိနေခြင်းကြောင့် ညီးတွားလျက် အိပ်နေရပြီး အကျိုးမဲ့ ပျက်စီးခြင်းသို့ရောက်ရ၏။ ထိုမျောက်သည် မကျက်စားရာ၌ ကျက်စားခြင်းကြောင့်ပေတည်း။ ထို့ကြောင့် သင်တို့သည် ဣဋ္ဌ, ကန္တ, မနာပ, ပိယရူပ, ကာမူပသံဟိတ, ရဇနီယဖြစ်သော အာရုံငါးပါး ကာမဂုဏ်များဟူသော တစ်ပါးသော မကျက်စားသင့်သောအရာတို့၌ မကျက်စားကြကုန်လင့်။ မကျက်စားရာ၌ လှည့်လည်ကျက်စားသော ရဟန်းကို ကိလေသာမာရ်သည် နှိပ်စက်ရန် ဖျက်ဆီးရန်အခွင့်ရ၏။ ရဟန်းတို့ မိမိဖခင်၏အရာဖြစ်သော သတိပဋ္ဌာန်လေးပါးဟူသော အာရုံ၌သာ လှည့်လည်ကျက်စားကြကုန်လော့ အစရှိသည်ဖြင့် သတိပဋ္ဌာန်လေးပါး ပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia