မနာပဒါယီသုတ်
[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်ဝယ် သီတင်းသုံးတော်မူနေစဉ်-ဘုရားရှင် နံနက်ခင်း၌ ဝေသာလီမြို့ ဥဂ္ဂသူကြွယ်၏နေအိမ်သို့ကြွတော်မူ၍ ခင်းထားအပ်သောနေရာ၌ သီတင်းတော်မူသည်။ ဥဂ္ဂသူကြွယ်သည် ဘုရားရှင်ထံချဉ်းကပ်၍ အပြစ်ကင်းလွတ်ရာနေရာ၌နေ၍ အလွန် ရိုသေစွာရှိခိုးပြီး မိမိအလွန်နှစ်သက်မြတ်နိုးအပ်သော ဖော်ပြပါပစ္စည်းများကို ဘုရားရှင်အား လှူဒါန်းပါသည်။ “မြတ်စွာဘုရား နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုး ကိုရ၏”ဟူသောတရားတော်ကို မြတ်စွာဘုရားအထံတော်၌ တပည့်တော်နာယူ မှတ်သားဖူးပါသည်။ တပည့်တော်နှစ်ခြိုက်အပ်သော -အင်ကြင်းပွင့်အဆင်းရှိသော ခဲဘွယ်ဘောဇဉ်၊ -ဆီးသီးဖြင့်စီမံထားသော ဝက်သားဟင်း၊ -ကန်စွန်းရွက်ဆီပြန်ကြော်၊ -ဆံမည်းကို ရွေးချယ်ပြီး၍ များစွာသောအရည်သောက်ဟင်း၊ စားမဲဟင်းလျာ ရှိသော သလေးဆွမ်း-တို့ကို သနားစောင့်ရှောက်သမှု အကြောင်းပြု၍ အလှူ ခံတော်မူပါ-ဟု လျှောက်ထားပြီး လှူဒါန်းပါသည်။ -မိမိအလွန်နှစ်ခြိုက်အပ်သော ကာသိတိုင်းဖြစ်အဝတ်၊ -ပလ္လင်မွေးရှည်ကော်ဇောကြီး ပန်းပြောက်ခြယ်သားမွေးအခင်း၊ ဝံပိုင်ရေအခင်း၊ နီသောမျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိနေရာသည် မြတ်စွာဘုရားအား မအပ်-ဟု သိပါကုန်၏။ -ဤစန္ဒကူးနှစ်ထိုင်ခုံသည် တစ်သိန်းကျော်တန်ပါ၏။ ထိုအသုံးအဆောင်ဝတ္ထုတို့ကို အကျွန်ုပ်အား ချီးမြှောက်သောအားဖြင့် အလှူခံတော်မူပါလျှောက်ထား၏။ မြတ်စွာဘုရားသည် ချီးမြှောက်သောအားဖြင့် အလှူခံတော်မူ၏။ ဘုရားရှင်သည် ဥဂ္ဂသူကြွယ်အား “မနာပဒါယီ လဘတေ မနာပံ” အစရှိသောနှစ်ဂါထာဖြင့် အနုမောဒနာပြုတော်မူပြီး ပြန်ကြွတော်မူ၏။ မကြာမီ ဥဂ္ဂသူကြွယ်ကွယ်လွန်ပြီး ဈာန်စိတ်ဖြင့်ပြီးသော သုဒ္ဓါဝါသဗြဟ္မာ ဘုံ၌ဖြစ်လေ၏။ ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥဂ္ဂဗြဟ္မာ ဘုရားရှင်ထံ အဖူးအမြော်ရောက်လာခဲ့ပါသည်။ ဘုရားရှင်က “ဥဂ္ဂအလို ရှိတိုင်း ပြည့်သလော-ဟု မေးတော်မူရာ အလိုရှိတိုင်းပြည့်ပါပြီ မြတ်စွာဘုရားဟု လျှောက်ထားလေသည်။ ဘုရားရှင်သည် ဥဂ္ဂဗြဟ္မာအား “မနာပဒါယီ လဘတေ မနာပံ” အစရှိသော နှစ်ဂါထာဖြင့် မိန့်ကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [၂] မနာပဒါယီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia