မလ္လိကာဒေဝီသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မြတ်စွာဘုရား (၁) ဤလောက၌ အချို့သောမိန်းမသည် အဆင်းလည်းမလှ၊ အသွင်အပြင်လည်း မကောင်း၊ ရှုချင်ဖွယ်လည်းမရှိ၊ ဆင်းရဲလည်းဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်းမရှိ၊ အသုံးအဆောင်ပစ္စည်းလည်းနည်းပါး၏။ တန်ခိုးလည်းနည်း၏ အဘယ်ကြောင့်ပါနည်း။ (၂) ဤလောက၌ အချို့သောမိန်းမသည် အဆင်းလည်းမလှ၊ အသွင် အပြင်လည်းမကောင်း၊ ရှုချင်ဖွယ်လည်းမရှိ၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏။ များသောဥစ္စာလည်းရှိ၏။ များသောအသုံးဆောင်းလည်းရှိ၏၊ တန်ခိုးလည်းကြီး၏။ အဘယ်ကြောင့်ပါနည်း။ (၃) ဤလောက၌ အချို့သော မာတုဂါမသည် အလွန်အဆင်းလှ၏။ ရှုချင်ဖွယ်လည်းရှိ၏။ စိတ်ကြည်လင်ဖွယ်လည်းဖြစ်၏။ လွန်မြတ်သော အသွင်အပြင် နှင့်လည်းပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာမရှိ၊ အသုံးအဆောင် လည်းမရှိ၊ တန်ခိုးလည်းနည်း၏၊ အဘယ်ကြောင့်ပါနည်း။ (၄) ဤလောက၌ အချို့သော မာတုဂါမသည် အလွန်အဆင်းလှ၏။ ရှုချင်ဖွယ်လည်းရှိ၏။ စိတ်ကြည်လင်ဖွယ်လည်းဖြစ်၏။ လွန်မြတ်သော အသွင်အပြင် နှင့်လည်းပြည့်စုံ၏။ ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာလည်းရှိ၏။ များသောအသုံး အဆောင်လည်းရှိ၏၊ တန်ခိုးလည်းကြီး၏ အဘယ်ကြောင့်ပါနည်း-ဟု မေးလျှောက်၏။ (၁) မလ္လိကာ (က) ဤလောက၌ အချို့သောမာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်းများ၊ အနည်းငယ်မျှကို ပြောဆိုကာမျှဖြစ်လျက်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ ဖောက်ပြန်တတ်၏၊ ရန်ငြိုးထားတတ်၏။ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြုတတ်၏။ (ခ) ထိုမာတုဂါမသည် သမဏဗြာဟ္မဏတို့အား ဆွမ်း၊ အဖျော်အစရှိသော လှူဖွယ်ဝတ္ထုတို့ကို မပေးမလှူ၊ ဣဿာနှင့်ယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်ရခြင်း၊ အရိုအသေပြုခံရခြင်း၊ အလေးအမြတ်ပြုခံရခြင်း၊ မြတ်နိုးခံရခြင်း၊ ရှိခိုးခံရခြင်း၊ အပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ပြစ်မှား၏၊ ငြူစူခြင်းကိုဖွဲ့၏။ ထိုမာတုဂါမသည် ထိုဘဝမှစုတေ၍ ဤလူ့ဘဝသို့ရောက်လာသည် ဖြစ်အံ့၊ ဖြစ်လေရာရာဘဝ၌ (က) အဆင်းလည်းမလှ၊ အသွင်အပြင်လည်းမကောင်း၊ ရှုချင်ဖွယ်လည်းမရှိ၊ (ခ) ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာလည်းမရှိ၊ အသုံးအဆောင်လည်းမရှိ၊ (ဂ) တန်ခိုးလည်းနည်း၏။ (၂) မလ္လိကာ-ဤလောက၌ အချို့သော မာတုဂါမသည်... (က) ဒေါသကြီး၏၊ ထင်စွာပြုတတ်၏၊ (ခ) သမဏဗြာဟ္မဏတို့အား လှူဖွယ်ဝတ္ထုကို ပေးလှူတတ်၏။ (ဂ) ငြူစူခြင်းနှင့်ယှဉ်သောစိတ်မရှိ-ငြူစူ ခြင်းဖြင့်မဖွဲ့။ ထိုမာတုဂါမသည် ထိုဘဝမှစုတေ၍ ဤလူ့ဘဝသို့ရောက်လာသည် ဖြစ်အံ့၊ ဖြစ်လေရာရာဘဝ၌ (က) အဆင်းလည်းမလှ၊ ရှုချင်ဖွယ်လည်းမရှိ၊ (ခ) သို့သော် ကြွယ်ဝချမ်းသာ၏၊ များသောဥစ္စာလည်းရှိ၏။ များသောအသုံးအဆောင် လည်းရှိ၏။ (ဂ) တန်ခိုးလည်းကြီး၏။ (၃) မလ္လိကာ-ဤလောက၌ အချို့သောမာတုဂါမသည် (က) အမျက်ဒေါသမကြီး၊ ထင်စွာမပြုတတ်၊ (ခ) ထိုမာတုဂါမသည် သမဏအားဖြစ်စေ, ဗြာဟ္မဏအားဖြစ်စေ ထမင်းအဖော် မပေးမလှူ၊ (ဂ) ငြူစူခြင်းနှင့် ယှဉ်သောစိတ်ရှိသည်ဖြစ်၍-ငြူစူခြင်းဖွဲ့တတ်၏။ ထိုမာတုဂါမသည်-ဖြစ်လေရာရာ ဘဝ၌ (က) အဆင်းလည်းလှ၏၊ မြတ်သောအဆင်း အသွင်အပြင်နှင့်ပြည့်စုံ၏။ (ခ) သို့သော်လည်း ဆင်းရဲ၏၊ အသုံးအဆောင်လည်းမရှိ (ဂ) တန်ခိုးလည်းနည်း၏။ (၄) မလ္လိကာ-ဤလောက၌ အချို့သောမာတုဂါမသည် (က) အမျက်ဒေါသကြီးသော်လည်း ထင်စွာမပြုတတ်၊ (ခ) ထိုမာတုဂါမသည် သမဏအားဖြစ်စေ၊ ဗြာဟ္မဏအားဖြစ်စေ ပေးလှူတတ်၏။ (ဂ) ငြူစူခြင်းနှင့်ယှဉ်သောစိတ်မရှိ၊ ငြူစူခြင်းဖြင့်မဖွဲ့။ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝတိုင်း၌ (က) အဆင်းလည်းလှ၏။ အသွင်အပြင်နှင့်လည်းပြည့်စုံ၏။ (ခ) ကြွယ်ဝလည်း ကြွယ်ဝ၏၊ အသုံးအဆောင်လည်းရှိ၏။ (ဂ) တန်ခိုးလည်းကြီး၏။ မလ္လိကာဤဆိုအပ်ပြီးသည်တို့ကား အကြောင်းအထောက်အပံ့တို့ပေတည်း ဟု ဘုရားရှင်က မိန့်တော်မူ၏။ ထိုအခါ မလ္လိကာက မိမိဘဝနှင့်နှိုင်းယှဉ်၍ ဒေါသကြီးခဲ့ခြင်းကြောင့် ယခု ဘဝ အဆင်းမလှပပုံ၊ ပေးလှူခဲ့ခြင်းကြောင့် စည်းစိမ်ချမ်းသာနှင့်ပြည့်စုံပုံ၊ ဣဿာ မရှိခဲ့ခြင်းကြောင့် တန်ခိုးကြီးပုံတို့ကို အကျယ်တဝင့် ဘုရားရှင်အား လျှောက်ထားပြီး ဥပါသိကာအဖြစ်ခံယူပုံကို ပြဆိုသည့်သုတ်။ (ဤသို့ ပါဠိတော်နှင့် မြန်မာပြန်တို့ကို အပိုင်းအလိုက်ခွဲဝေပြီး အကြောင်းနှင့်အကျိုးကို ကွဲကွဲပြားပြားသိပါလေ။) အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia