မဟာကပ္ပိနသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်က အဝေးကပင် မိမိတို့ရှိရာသို့လာနေသော မဟာကပ္ပိနထေရ်ကို မြင်တော်မူခြင်းကြောင့် ရဟန်းတို့၊ သင်တို့သည် “ဖြူစင်ခေါင်းပါးသောအကျင့်ရှိသော နှာတံရှည်သော ရဟန်းကို တွေ့မြင်ကြကုန်၏လော၊ ဤရဟန်းသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ မဝင်စားဖူးသော သမာပတ်မရှိ၊ ဗြဟ္မစရိယ၏အပြီးအဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုနေသူပေတည်း ဟု မိန့်တော်မူပြီး “ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ”-အစရှိသော ဂါထာနှင့် “ဒိဝါ တပတိ” အစရှိသောနှစ်ဂါထာကို ရဟန်းတို့အား ဘုရားရှင် မိန့်တော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်၏အနီး၌ တင်ပလ္လင်ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေသော မဟာကပ္ပိနထေရ်ကိုတွေ့မြင်၍ ရဟန်းတို့အားမေးတော်မူပြီး ပဋိနိဿဂ္ဂါနုပဿီဖြစ်အောင် အာနာပါနဿတိသမာဓိကိုပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် ကိုယ်တုန်လှုပ်ခြင်းမရှိပုံကို အကျယ်အားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia