မဟာဓမ္မသမာဒါနသုတ်
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်က “သတ္တဝါတိုင်း အနိဋ္ဌ အကန္တ အမနာပဓမ္မများယုတ်လျော့ပြီး ဣဋ္ဌကန္တမနာပဓမ္မများ တိုးပွားရန်လိုလားကြသော်လည်း အနိဋ္ဌ အကန္တ အမနာပဓမ္မများက တိုးပွားနေကြပြီး ဣဋ္ဌ၊ ကန္တ၊ မနာပဓမ္မများ ဆုတ်ယုတ်နေကြခြင်းကို အဘယ်အကြောင်းကြောင့် ဖြစ်သည် ဟု ယုံကြည်ကြသနည်းဟု ရဟန်းတို့အား မေးမြန်းတော်မူပါသည်။ ရဟန်းတို့က ဟောကြားတော်မူပါရန် တောင်းပန်လျှောက်ထားကြသဖြင့် ဤလောက၌ အရိယာသူတော်ကောင်းတို့ကို မမြင်မတွေ့ကြရ၊ အရိယာသူတော်ကောင်းတို့၏တရား၌ မလိမ္မာကြ၊ အရိယာသူတော်ကောင်းတို့၏ အဆုံးအမ မခံရသော အမှန်တရားကိုမသိသော ပုထုဇဉ်လူမိုက်သည် မမှီဝဲအပ်သောတရားတို့ကို မသိခြင်း၊ မမှီဝဲ မဆည်းကပ်အပ်သောတရားတို့ကို မမှီဝဲ မဆည်းကပ်ခြင်းကြောင့် အနိဋ္ဌ အကန္တ အမနာပတရားတို့တိုးပွားပြီး ဣဋ္ဌ, ကန္တ, မနာပတရားတို့ ဆုတ်ယုတ် နေကြပုံ။ အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခွင့်ရ၊ အရိယာသူတော်ကောင်းတို့၏ တရား၌ လိမ္မာကြ၊ အရိယာသူတော်ကောင်းတို့၏ အဆုံးအမကိုခံယူရသဖြင့် အမှန်တရားကိုသိကြသော ပညာရှိတို့သည် မမှီဝဲ မဆည်းကပ်ထိုက်သော ဓမ္မတို့ကို မမှီဝဲ မဆည်းကပ်ကြ။ မှီဝဲဆည်းကပ်ထိုက်သောဓမ္မတို့ကို မှီဝဲဆည်းကပ်ကြခြင်းကြောင့် အနိဋ္ဌ အကန္တ အမနာပတရားတို့ ယုတ်လျော့ကြပြီး ဣဋ္ဌ၊ ကန္တ၊ မနာပ တရားတို့ ပွားများကြပုံကိုလည်းကောင်း။ (၁) ပစ္စုပ္ပန္နဒုက္ခ အာယတိံဒုက္ခဝိပါကဖြစ်သော ဓမ္မသမာဒါန။ (၂) ပစ္စုပ္ပန္နသုခ အာယတိံဒုက္ခဝိပါကဖြစ်သော ဓမ္မသမာဒါန။ (၃) ပစ္စုပ္ပန္နဒုက္ခ အာယတိံသုခဝိပါကဖြစ်သော ဓမ္မသမာဒါန။ (၄) ပစ္စုပ္ပန္နသုခ အာယတိံသုခဝိပါကဖြစ်သော ဓမ္မသမာဒါန-လေးမျိုးတို့ကို အကျယ်အားဖြင့် ဟောကြားတော်မူပြီး အမှတ်(၁) ဓမ္မသမာဒါနကို အဆိပ်ခပ်ထားသော သဗွတ်ခါးသီးဥပမာ၊ (၂) ဓမ္မသမာဒါနကို အဆိပ်ခပ်ထားသော အဆင်း အနံ့ အရသာနှင့်ပြည့်စုံသော ဖျော်ရည်ခွက်ပမာ၊ (၃) ဓမ္မသမာဒါနကို ဆေးအမျိုး မျိုးတို့ဖြင့် ရောစပ်ထားသော နွားကျင်ငယ်ရည်ဥပမာ၊ (၄) ဓမ္မသမာဒါနကို နို့ဓမ်း ပျားရည် ထောပတ် တင်လဲကို တပေါင်းတည်းရောစပ်ထားသော စတုမဓုဆေးဥပမာတို့ဖြင့် ရှင်းလင်းမိန့်ကြားတော်မူပါသည်။ တန်ဆောင်မုန်းလ နေမင်းဥပမာဖြင့် ပစ္စုပ္ပန္နသုခ အာယတိသုခဖြစ်သော ဓမ္မသမာဒါနသည် သာသနာတော်မှတစ်ပါးသောအယူရှိသော သမဏဗြာဟ္မဏတို့၏အယူကို ပယ်ဖျောက်၍ လင်းလက်တောက်ပ တင့်တယ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia