မဟာပရိဠာဟသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “ရဟန်းတို့ မဟာပရိဠာဟငရဲ၌ ဒွါရခြောက်ပါးတို့ဖြင့် အနိဋ္ဌ၊ အကန္တ၊ အမနာပ အာရုံခြောက်ပါးတို့ကို မြင်ကြားသိသိနေရပုံကို ဟောတော်မူပါသည်။ အညတရ ရဟန်း၏လျှောက်ထားချက်အရ ထိုမဟာပရိဠာဟငရဲထက် အထူးသဖြင့်ကြီးမားလှသော ပူလောင်ခြင်း၊ အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသောအရာသည် သစ္စာလေးပါးကို အမှန် အတိုင်း မသိကြသော သမဏဗြာဟ္မဏတို့ပင်တည်း။ ထိုသူတို့သည် ပဋိသန္ဓေ နေမှုကိုဖြစ်စေတတ်ကုန်သော ကံသင်္ခါရတို့၌မွေ့လျော်ကြကုန်၏။ မွေ့လျော်ကုန်သည် ဖြစ်၍-ပြုစီရင်ကုန်၏။ ပြုစီရင်ကြကုန်သောကြောင့် ပဋိသန္ဓေနေမှုအပူဖြင့် ပူလောင်ကြကုန်၏။ အိုမှု-သေမှု-စိုးရိမ်မှု-ငိုကြွေးမှု-ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်မှုအပူတို့ဖြင့် ထက်ဝန်းကျင်ပူလောင်ကြကုန်၏။ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ-ဟူသော ဆင်းရဲအစုမှမလွတ် မြောက်နိုင်ကြကုန်။ သစ္စာလေးပါးကိုသိသော သမဏဗြာဟ္မဏတို့သည် ဒုက္ခအပေါင်းမှ လွတ် မြောက်ကြကုန်၏ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia