မဟာပုဏ္ဏမသုတ်

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော် မိဂါရမာတု ပါသာဒ၌ သီတင်းသုံးတော်မူစဉ် အညတရ ရဟန်း၏လျှောက်ထားချက်အရ ဥပါဒါနက္ခန္ဓာ ငါးပါးရှိပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးသည် ဆန္ဒလျှင်အကြောင်းရင်းရှိပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂသည် ဥပါဒါန်ဖြစ်ပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂထူးခြားပုံ။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ၊ ဒူရ သန္တိကဖြစ်သော ခန္ဓာငါးပါးတို့၏ ခန္ဓာဟူသောအမည်ဖြစ်ပုံ၊ မဟာဘုတ် လေးပါသည် ရူပက္ခန္ဓာဟု ပညတ်ခြင်း၏အကြောင်း၊ ဖဿသည် ဝေဒနာ၊ သညာ၊ သင်္ခါရက္ခန္ဓာဟု ပညတ်ခြင်း၏အကြောင်း၊ နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာဟု ပညတ် ခြင်းအကြောင်းဖြစ်ပုံ။

အဿုတဝန္တပုထုဇဉ်၏ ခန္ဓာငါးပါကို အတ္တဟု ရှုမြင်ခြင်း၊ အတ္တကို ခန္ဓာ ငါးပါးရှိ၏ဟု ရှုမြင်ခြင်း၊ အတ္တ၌ ခန္ဓာငါးပါးဟု ရှုမြင်ခြင်း၊ ခန္ဓာငါးပါး၌ အတ္တဟု ရှုမြင်ခြင်းကြောင့် “သက္ကာယဒိဋ္ဌိ” ဖြစ်၏။ သုတဝန္တအရိယာသာဝကအား ခန္ဓာငါးပါး၌ ထိုကဲ့သို့ ရှုမြင်မှု မရှိခြင်းကြောင့် “သက္ကာယဒိဋ္ဌိ” မဖြစ်။

ခန္ဓာငါးပါးကိုစွဲ၍ သုခ-သောမနဿဖြစ်ခြင်းသည် “အဿာဒ၊ ခန္ဓာငါးပါးတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ ဝိပရိဏာမဓမ္မသည် “အာဒီနဝ”၊ ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂကိုပယ်ခြင်းသည် “နိဿရဏ”။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတ္တ၊ ဗဟိဒ္ဓ၊ ဩဠာရိက-သုခုမ၊ ဟီန-ပဏီတ၊ ဒူရ-သန္တိကဖြစ်သော ခန္ဓာငါးပါးကို “ငါဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တ မဟုတ်”ဟု မှန်ကန်သော ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သောပုဂ္ဂိုလ်အား သက်ရှိ ကိုယ်ကာယ ပြင်ပနိမိတ်အားလုံးတို့၌ ငါဟူသောအခြင်းအရာ၊ ငါ၏ဥစ္စာဟူသော အခြင်းအရာ၊ အထင်ကြီးမှု မာနာနုသယတို့ မဖြစ်ကုန်ဟု မိန့်ကြားတော်မူပါသည်။

ထိုအခါ အညတရ ရဟန်း၏စိတ်၌ “ခန္ဓာငါးပါးသည် အတ္တမဟုတ်၊ အတ္တမဟုတ်ဘဲပြုအပ်သောအမှုတို့ အဘယ်အတ္တသည် တွေ့ထိလိမ့်လတ္တံ့နည်း”ဟု အကြံအစည်ဖြစ်နေသည်သိတော်မူခြင်းကြောင့် ရဟန်းတို့ ဤသာသနာတော်၌ အချို့သော မောဃပုရိသသည် ဉာဏ်ပညာမရှိဘဲ၊ အဝိဇ္ဇာသို့ကပ်ရောက်လျက် တဏှာဟူသော အကြီးအကဲရှိသောစိတ်ဖြင့် ငါဘုရား၏သာသနာတော်ကို ကျော်လွန်၍ ပြေးသွားအပ်၏။ “သင်တို့ကို ထိုထိုဓမ္မတို့၌ ငါဘုရားဆုံးမတော်မူအပ်ကုန်ပြီဟု မိန့်တော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် အရဟတ္တဖိုလ်ရောက်သည်အထိ ဟောကြားတော်မူပါသည်။ ဒေသနာတော်အဆုံး၌ ရဟန်းတော် ခြောက်ကျိပ်တို့ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တော်မူကြပါသည်။ ဤသုတ်၌ ခန္ဓာတစ်ပါးစီ တစ်ပါးစီကို အညတရ ရဟန်းနှင့်တကွ ရဟန်းတို့အား မေးမြန်း၍ ဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [] []

ကိုးကား

  1. -မ၊၃၊၆၆-၇၀။ မ၊မြန်၊၃၊၇၀-၄၊ မ၊ဋ္ဌ၊၄၊၅-၃။ မ၊ဋီ၊၃၊၂၆၂-၇။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၁-ဒေဝဒဟဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya