မဟာဝစ္ဆသုတ်

ဘုရားရှင် ကောသလနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ဝစ္ဆဂေါတ္တ ပရိဗိုဇ်၏လျှောက်ထားချက်အရ လောဘ၊ ဒေါသ၊ မောဟတို့သည် အကုသိုလ်ဖြစ်ပုံ၊ အလောဘ အဒေါသ အမောဟတို့သည် ကုသိုလ်ဖြစ်ပုံ၊ ဒုစရိုက်ဆယ်ပါးတို့သည် အကုသိုလ်ဖြစ်ပုံ၊ သုစရိုက်ဆယ်ပါးတို့သည် ကုသိုလ်ဖြစ်ပုံ တဏှာကို အကြွင်းမဲ့ပယ်ပြီးသောပုဂ္ဂိုလ် ရဟန္တာဖြစ်ပုံ၊ သာသနာတော်၌ ရဟန္တာ ဖြစ်ပြီးသော ဘိက္ခု, ဘိက္ခုနီ ဗြဟ္မာဘုံ၌ဖြစ်၍ ဗြဟ္မာဘုံ၌ ပရိနိဗ္ဗာန်ဝင်စံကြမည့် ဗြဟ္မစာရီ ဥပါသကာ၊ ဥပါသိကာ အရိယာသာဝကတို့ မရေအတွက်နိုင်အောင်များလှပုံကို မိန့်ကြားတော်မူပါသည်။

ဝစ္ဆဂေါတ္တပရိဗိုဇ်က မြတ်စွာဘုရား၏ ဗြဟ္မစရိယပြည့်စုံပုံ၊ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့သက်ဝင်၍ သမုဒ္ဒရာနှင့် တစ်ဆက်တည်းဖြစ်နေသလို ထို့အတူ လူရဟန်းတို့နှင့်တကွ အရှင်ဘုရား၏ပရိသတ်သည် နိဗ္ဗာန်၌ ညွတ်ယိမ်းကိုင်းရှိုင်း နိဗ္ဗာန်သို့ ရောက်၍တည်နေပုံ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပါတော့မည်၊ အရှင်ဂေါတမ၏ အထံတော်၌ ရှင်ရဟန်းပြုလိုပါကြောင်း လျှောက်ထားပါသည်။

မြတ်စွာဘုရားက အညတိတ္ထိယပရိဝါသ်ကို လေ့ကျင့်ပြီးမှသာ ကျေနပ်သည့် ဘိက္ခုသံဃာက အညတိတ္ထိယကို ရဟန်းပြုပေးပုံကို မိန့်တော်မူသည့်အခါ ဝစ္ဆဂေါတ္တ ပရိဗိုဇ်၏ လေးလမဟုတ် လေးနှစ်ကျင့်သုံးပါမည်၊ ကျေနပ်သည့်အခါ ရဟန်းသံဃာတော်က ရဟန်းပြုပေးတော်မူပါရန် လျှောက်ထားပါသည်။

ဘုရားရှင်က ပုဂ္ဂလဝိသေသဖြစ်ခြင်းကြောင့် တိတ္ထိယပရိဝါသ် မကျင့်စေဘဲ ရဟန်းပြုခွင့်ပေးတော်မူပါသည်။ ရဟန်းပြု၍ ၁၅-ရက်ရှိသည့်အခါ သေက္ခဝိဇ္ဇာ သို့ရောက်ခဲ့ပုံ အထက်မဂ်ဖိုလ်ရရန် တရားဟောတော်မူပါဟု လျှောက်သဖြင့် သမထဝိပဿနာကို ပွားများရန် များစွာသောဓာတ်သဘာဝကို ထိုးထွင်း၍သိမြင်လိမ့်မည်၊ ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု, အာသဝက္ခယ အဘိညာဉ်တို့ကို ဟောကြားတော်မူပါသည်။ အရှင်ဝစ္ဆဂေါတ္တသည် တစ်ပါးတည်း ကိန်းအောင်း၍အားထုတ်ရာ မကြာခင် လေးဖြာအာသဝေါ ကွာလျော ကုန်ခန်း ရဟန္တာ ဖြစ်သွားပါသည်။ ဘုရားရှင်ကိုဖူးမြင်ရန်သွားသော ရဟန်းတို့အား မိမိ ပရိစိဏ္ဏဖြစ်ပုံကို မှာကြားလျှောက်ထားစေပါသည်။

ဘုရားရှင်က ရဟန်းတို့မလျှောက်ထားမီ “ဝစ္ဆဂေါတ္တသည် တေဝိဇ္ဇပတ္တ မဟိဒ္ဓိ မဟာနုဘာဝ” ဖြစ်ပုံကို သိတော်မူပြီးဖြစ်သည်။ နတ်တို့ကလည်း ဘုရားရှင်အား လျှောက်ထားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုများစွာရှိပါသည်။ [] []

ကိုးကား

  1. -မ၊၂၊၁၅၆-၁၆၅။ မ၊မြန်၊၂။ ၁၆၆-၁၇၅။ မ၊ဋ္ဌ၊၃၊၁၃၉-၁၄၁။ မ၊ဋီ၊၃၊၉၄-၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya