မဟာသာလပုတ္တသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဟိမဝန္တာတောင် မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် အကိုင်းအခက်အရွက်, အခေါက်, အပွေး အကာ, အနှစ်ဟူသောငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်သကဲ့သို့၊ ထို့အတူ သဒ္ဓါတရား ရှိသော အမျိုးကောင်းသားကိုအမှီပြု၍ အိမ်သူအိမ်သားအပေါင်းသည် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဟူသော ကြီးပွားခြင်းငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] မဟာသာလပုတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကုန်သကဲ့သို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကြကြောင်းကို ဟောကြားတော်မူခဲ့သည်။[၃] မဟာသာလပုတ္တသုတ်ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကြကုန်၏။ အဘယ်ငါးမျိုးတိုနည်းဟူမူ - [၃]
ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ဤကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွားကုန်သကဲ့သို့ ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွား၏။ [၃]အဘယ်ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည် ဤကြီးပွားခြင်းငါးမျိုးတို့ဖြင့် ကြီးပွား၏ ဟု(မိန့်တော်မူ၏)။[၃] တောအုပ်ကြီး၌ ရှိသည့် ကျောက်တောင်ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် ကြီးပွားစည်ပင်ကြကုန်သကဲ့သို့။[၃] ထို့အတူ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုးကောင်းသားကို မှီ၍ သားမယားတို့သည်၎င်း အဆွေအမျိုးတို့သည်၎င်း မိတ်ဆွေ ခင်ပွန်းတို့သည်၎င်း ဆွေမျိုးအပေါင်းတို့သည်၎င်း ထိုအမျိုးသားကို အမှီပြု၍ အသက်မွေးသူတို့သည်၎င်း သီလစသည်ဖြင့် ကြီးပွားကြကုန်၏။[၃] ထိုသီလရှိသူ၏ သီလကို၎င်း စွန့်ကြဲခြင်းကို၎င်း ကောင်းသောအကျင့်စရိုက်တို့ကို၎င်း ကောင်းစွာမြင်ကြရကုန်သည်ဖြစ်၍ အတုလိုက်၍ ပြုလုပ်ကြကုန်၏။[၃] ပညာရှိသူတို့သည် ဤသာသနာတော်၌ ကောင်းသော လားရာ(ဂတိ) သို့ သွားရောက်သူတို့၏ လမ်းကြောင်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြကုန်၍ နတ်လောက၌ ကာမဂုဏ်တို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် ဝမ်းမြောက်ရလေကုန်သတည်း။[၃] ကိုးကား
|
Portal di Ensiklopedia Dunia