မိစ္ဆာဒိဋ္ဌိကသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ငရဲသို့ကျရောက်မည့် ဘိက္ခုနီ၏ ဓမ္မငါးမျိုးနှင့် နတ်ပြည်သို့ရောက်ရှိမည့် ဘိက္ခုနီ၏ ဓမ္မငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂] ဒုစရိုက်သုံးပါးပြုကျင့်သူ၊ မိစ္ဆာအယူရှိသူ၊ မိစ္ဆာအယူဖြင့် အကုသိုလ်ကံများ ပြုလုပ်ပြောဆိုသူတို့ ငရဲသို့ရောက်ကြပုံကို အခြားသမဏ ဗြာဟ္မဏတို့ပြော၍ သိသည် မဟုတ်ဘဲ ကိုယ်တော်တိုင်မြင်၊ ကိုယ်တော်တိုင်ထင်ထင်ရှားရှား သိတော် မူခြင်းကြောင့် ဘုရားဟောတော်မူခြင်းကို နာယူခဲ့ရပါကြောင်း ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောသည့်သုတ်။ အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၃] မိစ္ဆာဒိဋ္ဌိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရကြောင်းကို ဟောကြားတော်မူခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia