မုဋ္ဌဿတိသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “အဿဒ္ဓ, အဟိရိက, အနောတ္တပ္ပီ, မုဋ္ဌဿတိ, ဒုပ္ပည-ဟူသော ဓမ္မငါးမျိုးရှိသော မာတုဂါမသည် ကွယ်လွန် ပြီးနောက် ငရဲသို့ရောက်ရမည်”ဟု အရှင်အနုရုဒ္ဓါအား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “သတိမရှိ ဆင်ခြင်တုံ ဉာဏ်ပညာမရှိဘဲ အိပ်ပျော်သောသူ၏ အပြစ်ငါးမျိုးနှင့် သတိသမ္ပဇဉ်ယှဉ်၍ အိပ်ပျော်သောသူ၏ အကျိုးငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃] မုဋ္ဌဿတိသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သတိလွတ်ကင်းကာ ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်ငါးမျိုးနှင့် သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄] မုဋ္ဌဿတိသုတ်ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်း၏ အပြစ်ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သောရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -
ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သောရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၄] ဆင်ခြင်းခြင်းရှိ၍ အိပ်ပျော်ခြင်း၏ အကျိုးရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -
ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၄] ကိုးကား
|
Portal di Ensiklopedia Dunia