မုသာဝါဒသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မုသာဝါဒမှရှောင်ကြဉ်သော သတ္တဝါတို့နည်းပါးလှပုံ၊ မုသာဝါဒမှ မရှောင်ကြဉ်သောသတ္တဝါတို့ များပြား လှပုံ၊ သစ္စာလေးပါးကို မသိမမြင်ကြပုံ ထို့ကြောင့် အရိယသစ္စာလေးပါးတို့ကို သိမြင်ရန် အားထုတ်သင့်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဝစီဒုစရိုက်လေးပါးကို ပြောဆိုသောပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် ငရဲသို့ရောက်ရမည်၊ ဝစီဒုစရိုက် လေးပါးတို့မှ ရှောင်ကြဉ်သောပုဂ္ဂိုလ်သည် ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ရောက်လိမ့်မည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] သမ္ပဇာန မုသာဝါဒဟူသော တစ်ခုသောဓမ္မကို ကျူးလွန်သောပုဂ္ဂိုလ်အား တစ်စုံတစ်ခုသောမကောင်းမှုကို မပြုလုပ်တော့သည်မရှိဟု ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သမာဝတီအမှူးရှိသော မိဖုရားတို့အား ဘုရားရှင် အထံတော်ကကြားနာခဲ့ပုံကို ဟောပြသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia