မူလပရိယာယသုတ်
ဤသုတ်သည် ဗုဒ္ဓသာသနာ တခုလုံး၏ သဗ္ဗဓမ္မပရိယာယ (အဓိကမဏ္ဍိုင်ကြီး) ဟု ဆိုရပေမည်။ ဤသုတ်တွင် ဘုရားမြတ်စွာသည် မိမိနှင့်တခေတ်တည်း ပေါ် ပေါက်သော အဘိဓမ္မာအမျိုးမျိုးတို့ကို ဝေဖန်ချက်နှင့် ရှင်းလင်းဖော်ပြခဲ့ ရုံမျှမက၊ ထိုခေတ်ပြိုင်အဘိဓမ္မာတို့သည် ဗုဒ္ဓဘာသာဝါဒနှင့် မည်သို့ မည်ပုံ ကွဲပြားခြားနားကြောင်းကိုလည်း ထုတ်ဖော်နှိုင်းခိုင်းခဲ့သည်။ ဤသုတ်သည် အဓိကအားဖြင့် အတ္တဝါဒနှင့် သက်ဆိုင်သည်။ နိဗ္ဗာန်နှင့် ပတ်သက်သည်ကိုလည်း အနည်းငယ် ဖော်ပြထားပသည်။ ဘုရားမြတ်စွာ၏ အရိယာသာဝကများသည် ပဇာပတိ၊ ဗြဟ္မာ၊ အာဘဿရနတ်များ၊ သုဘကိဏှာနတ်များ၊ ဝေဟပ္ဖလ၊ အဘိဘူ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန စသော ပုဂ္ဂိုလ်များကို တွေ့ရှိသိရှိရကြောင်းကိုလည်း ဤသုတ်မှပင် လေ့လာရပေသည်။[၁] [၂] ဘုရားရှင် ကောသလနိုင်ငံ ဥက္ကဋ္ဌမြို့အနီး သုဘဂတောအုပ် အင်ကြင်းပင် အနီးဝယ် သီတင်းသုံးတော်မူစဉ် ဗြာဟ္မဏဇာတ် ရဟန်းငါးရာတို့၏ သင်ယူပြီးသော ပရိယတ္တိဓမ္မကိုအကြောင်းပြု၍ ဖြစ်ပေါ်နေသော မာနကိုဖျက်ဆီးခြင်းအကျိုးငှာ ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဤသုတ်တော်၌ ၁။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော တစ်ဝါရစီ။ ဘူတ = (နတ်မဟုတ်သော)သတ္တဝါ -ဒေဝ = နတ်၊ -ပဇာပတိ = မာရ်နတ် -ဗြဟ္မာ = အာဘဿရာဘုံ အောက်ဗြဟ္မာများ -အာဘဿရာ = အာဘဿရာဗြဟ္မာ -သုဘကိဏှာ = သုဒ္ဓါဝါသဗြဟ္မာ -ဝေဟပ္ဖလ = ဝေဟပ္ဖိုလ်ဗြဟ္မာ -အဘိဘူ = အသညသတ်ဗြဟ္မာ -အရူပလေးဘုံ ဗြဟ္မာများ ၃။ ဒိဋ္ဌ = တွေ့မြင်အပ်သောအရာ သုတ = ကြားသိရသောအရာ မုတ = နံလျက် ထိသိသောအရာ ဝိညာတ = မနောဝိညာဉ်ဖြင့် သိအပ်သောအရာ ၄။ ဧကတ္တ = တစ်ခုတည်းဖြစ်ခြင်း နာနတ္တ = အထူးထူးဖြစ်ခြင်း၊ သဗ္ဗ = အလုံးစုံ နိဗ္ဗာန = နိဗ္ဗာန် ပထဝီဝါရမှစ၍ နိဗ္ဗာနဝါရတိုင်အောင် ၂၁ ဝါတို့တွင် တစ်ဝါရစီ တစ်ဝါရစီ၌- (က) ပုထုဇဉ်အမြင် (ခ) သေက္ခပုဂ္ဂိုလ်အမြင် (ဃ-ဂ) ရဟန္တာပုဂ္ဂိုလ်အမြင် -၄-မျိုး။ (စ) တထာဂတအမြင်အားဖြင့် ပုဂ္ဂိုလ်အလိုက် ရှုမြင်ပုံအမျိုးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောကြားတော်မူပါသည်။ မူလပရိယာယသုတ်ဒေသနာတော် ပြီးဆုံးသည့်အခါ လောကဓာတ်ပေါင်း တိုက်တစ်သောင်းတုန်လှုပ်ပါသည်။ ထိုဗြာဟ္မဏဇာတ် ရဟန်းငါးရာတို့ ပဋိသမ္ဘိဒါ ဉာဏ်လေးတန်နှင့်တကွ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြပါသည်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များစွာ ဖွင့်ဆိုထားပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia