မေတ္တာသဟဂတသုတ်

မေတ္တာသဟဂတသုတ္တ (= ဟလိဒ္ဓိဝသနသုတ္တ-ဝိသုဒ္ဓိ၊၁၊၃၁၇)

[] ဘုရားရှင် သကျနိုင်ငံ ကောလိယမြို့ ဟလိဒ္ဓိဝသနနိဂုံး၌ သီတင်းသုံးတော်မူ နေစဉ်-ရဟန်းတော်များ ဆွမ်းခံချိန်စောနေ၍ တိတ္ထိယတို့၏ကျောင်းသို့ဝင်ရောက်စဉ် တိတ္ထိယတို့က “ရဟန်းဂေါတမသည် တပည့်တို့အား မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားလေးပါးတို့ကို ပွားများကြရန် ဟောကြားသကဲ့သို့ မိမိတို့လည်း တပည့်များအား ထိုတရားလေးပါးပွားများကြရန် ဟောကြားကြောင်း၊ ထို့ကြောင့် ရဟန်း ဂေါတမ၏ ဓမ္မဒေသနာ အနုသာသနီနှင့် မိမိတို့၏ဓမ္မဒေသနာ အနုသာသနီ တူကြကြောင်း ပြောကြားကြပါသည်။ ရဟန်းတော်များသည် တိတ္ထိယတို့၏ပြော စကားကို မနှစ်သက်သော်လည်း မတားမြစ် မကန့်ကွက်ဘဲ ပြန်လာခဲ့ကြပါသည်။

ရဟန်းတို့သည် ဆွမ်းဘုဉ်းပေးပြီးနောက် ဘုရားရှင်ထံမှောက်သို့သွားရောက်ကြပြီး ထိုအကြောင်းအရာကို လျှောက်ထားကြပါသည်။

ဘုရားရှင်က ထိုတရားလေးပါးတို့ကို

(၁) အဘယ်ကဲ့သို့ ပွားများရမည်နည်း၊

(၂) အဘယ်ကဲ့သို့ ဖြစ်ရာရှိမည်နည်း၊

(၃) အဘယ်တရားလျှင် အမွန်အမြတ်ရှိပါသနည်း၊

(၄) အဘယ်တရားလျှင် အပြီးအဆုံးရှိပါသနည်း-ဟု မေးမြန်းလျှင် အညတိတ္ထိယတို့ ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ကြမည်မဟုတ်ကြ၊ အလွန်ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဖြေဆိုနိုင်သည့် အရာမဟုတ်။

ဤ သတ္တလောက၊ ဩကာသလောက၌ မြတ်စွာဘုရား ... မြတ်စွာဘုရား၏ တပည့်သာဝက ဤသာသနာတော်၌ နာယူသင်ကြားဖူးသောပုဂ္ဂိုလ်တို့မှ တစ်ပါးသောသူတို့ ပြည့်စုံစွာ မဖြေနိုင်ပုံ။ ယင်းစေတောဝိမုတ္တိလေးပါးတို့ကို ပွားများနည်း၊ ယင်းတို့၏ ပရမအမြတ်ဆုံးအကျိုးသက်ရောက်မှုတို့ကို အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ []

ကိုးကား

  1. -သံ၊၃၊၁၀၁-၅။ သံ၊မြန်၊၃၊၁၀၄-၁၁၀။ သံ၊ဋ္ဌ၊၃၊၂၀၇-၉။ သံ၊ဋီ၊၂၊၄၄၅-၇။ သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၆-သာကစ္ဆာဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya