မောဂ္ဂလ္လာနသုတ်

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဣသိဂိလိတောင်နံပါး ကာဠသီလာ၌ သီတင်းသုံးနေတော်မူစဉ် ရဟန္တာအရှင်မြတ်ငါးရာတို့၏ ဝိပ္ပမုတ္တ နိရုပဓိစိတ်ကို ရှာမှီးတော်မူသော အရှင်မောဂ္ဂလာန်ထေရ်၏ ဂုဏ်ရည်ကို “နဂဿ ပဿေ-အစရှိသော သုံးဂါထာဖြင့် ချီးကျူး၍ အရှင်ဝင်္ဂီသထေရ်က ဘုရားရှင်အား လျှောက်ထားပုံကို ပြဆိုသည့်သုတ်။


[] အရှင်မောဂ္ဂလာန်ထေရ် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝစ္ဆဂေါတ္တပရိဗိုဇ်က “သဿတော လောကော” အစရှိသော အညတိတ္ထိယ ပဗ္ဗာဇကတို့၏ မိစ္ဆာဝါဒရှစ်ချက်ကို မေးလျှောက်ပါသည်။ အရှင်မောဂ္ဂလာန်ထေရ်က ယင်းမိစ္ဆာဝါဒရှစ်ချက်ကို ဘုရားရှင် ဖြေဆိုတော်မမူကြောင်း မိန့်ကြားတော်မူပါသည်။

ဝစ္ဆဂေါတ္တပရိဗိုဇ်က ဘုရားရှင် ဖြေကြားတော်မမူခြင်း၏အကြောင်းကို မေးလျှောက်ရာ တိတ္ထိတို့သည် အဇ္ဈတ္တိကာယတန ခြောက်ပါးတို့၌ “ငါ့ဟာ, ငါ့ဥစ္စာ, ငါ, ငါ့အတ္တ”ဟု ယူဆကြပုံ။ ဘုရားရှင်က ယင်းခြောက်ပါးတို့၌ “ငါ့ဟာ မဟုတ်၊ ငါ မဟုတ်, ငါ၏ အတ္တမဟုတ်”ဟု ယူတော်မူခြင်းကြောင့် ဖြေကြားတော်မမူပုံကို အရှင်မောဂ္ဂလာန်ထေရ်က မိန့်ကြားတော်မူပါသည်။

ဝစ္ဆဂေါတ္တပရိဗိုဇ်က ဘုရားရှင်ထံသွားရောက်လျှောက်ထားရာ ဘုရားရှင်က အရှင်မောဂ္ဂလာန်ထေရ် မိန့်ကြားတော်မူသည့်အတိုင်း ဖြေဆိုသည့်အခါ ဝစ္ဆဂေါတ္တ ပရိဗိုဇ်က “ဘုရားရှင်နှင့် တပည့်သာဝကတို့ “အဂ္ဂပဒ’၌ အတ္ထ, ဗျဉ္ဇနအားဖြင့် နှီးနှောတိုက်ဆိုင်ပုံ၊ ဆန့်ကျင်မှုမရှိကြပုံကို ချီးမွမ်းစကားလျှောက်ထားသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်း မိဂါရမာတုပါသာဒ၌ သီတင်းသုံးတော်မူနေစဉ် ပြာသာဒ်၏အောက်ထပ်၌ တရားလက်လွတ်နေကြသော ရဟန်းတို့ကို ကြောက်လန့်စေရန် အရှင်မောဂ္ဂလာန်အား မိန့်ကြားတော်မူရာ အရှင်မောဂ္ဂလာန်ထေရ်က တန်ခိုးဖန်ဆင်း၍ ခြေမဖြင့် မိဂါရမာတုပါသာဒကို အမျိုးမျိုး အဖုံဖုံ တုန်လှုပ်စေသဖြင့် ပြာသာဒ်လှုပ်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြသော ရဟန်းတို့အား ဣဒ္ဓိပါဒ်လေးပါး ပွားများနိုင်သောအကျိုး အမျိုးမျိုးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်မောဂ္ဂလာန်ထေရ် ဣဒ္ဓိပါဒ်လေးပါး ပွားများထားပုံအပြည့်အစုံကို အထက်သုတ်တော်အတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

ကိုးကား

  1. -သံ၊၁၊၁၉၆။ သံ၊မြန်၊၁၊၁၈၄။ သံ၊ဋ္ဌ၊၁၊၂၆၀။ သံ၊ဋီ၊၁၊၂၉၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၈-ဝင်္ဂီသသံယုတ္တ၊ ဒသမသုတ်။
  2. -သံ၊၂၊၅၅၈-၅၆၁။ သံ၊မြန်၊၂၊၅၄၉-၅၅၁။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁၀-အဗျာကတသံယုတ္တ၊ သတ္တမသုတ်။
  3. -သံ၊၃၊၂၃၅-၇။ သံ၊မြန်၊၃၊၂၃၈-၂၄၀။ သံ၊ဋ္ဌ၊၃၊၂၈၈။ သံ၊ဋီ၊၂၊၅၁၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၂-ပါသာဒကမ္ပနဝဂ္ဂ၊ စတုတ္ထသုတ်။
  4. -သံ၊၃၊၂၅၂-၃။ သံ၊မြန်၊၃၊၂၅၅-၆။ -သံယုတ္တနိကာယ၊ ၃-အယောဂုဠဝဂ္ဂ၊ ဧကာဒသမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya