ရခိုင်အမျိုးသားပါတီ
ရခိုင်အမျိုးသားပါတီ (အင်္ဂလိပ်: Rakhine National Party; သို့မဟုတ် Arakan National Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်လူမျိုးများ ကိုယ်စားပြု ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ရခိုင်လူမျိုး အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ လက်ယာ ဖြစ်သည်။[၁] [၂] ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခဲ့သည်။[၃][၄][၅] ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွေးကောက်ခံ ပြည်နယ်အမတ် ဦးညီပုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုပြုတင်သွင်းလိုက်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှလွဲ၍ ကျန်ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော် မပြီးခင် ထွက်ခွာသွားခဲ့ကြသည်။[၆] သမိုင်းကြောင်း၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[၇] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[၅][၈][၉][၁၀][၁၁] ပါတီမှတ်ပုံတင်ခြင်း၂၀၂၄၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ [၁၂] ပယ်ချရခြင်းအကြောင်းရင်း အသေးစိတ်ကို တရားဝင် ဖော်ပြထားခြင်းမရှိသော်လည်း၊ ANP ဘက်မှ ဦးခိုင်ပြည်စိုးကမူ ၎င်းတို့ပါတီသည် လက်နက်ကိုင်အဖွဲ့များနှင့် ကင်းရှင်းပြီး မှတ်ပုံတင်လျှောက်ထားသူ ၂၅ ဦးလုံး ပုဒ်မ ၇ နှင့် ငြိစွန်းမှုမရှိကြောင်း ပြောကြားခဲ့သည်။ [၁၃] သို့သော်လည်း ANP ကို မှတ်ပုံတင်ခွင့်မှ ပယ်ချထားသော်လည်း တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခြင်းမရှိသေးသည့်အတွက် ANP မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပါတီ၏ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က အတည်ပြု ပြောကြားခဲ့သည်။[၁၄] ဆက်စပ်ဖတ်ရှုရန်ကိုးကား
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/rka.html ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia