မောရနိဝါပသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ မောရနိဝါပ ပရိဗိုဇ်အာရာမ်ဝယ် သီတင်းသုံးတော်မူစဉ်-အစ္စန္တနိဋ္ဌ, အစ္စန္တယောဂက္ခေမီ, အဗြဟ္မစာရီ, အစ္စန္တပရိယောသာန, လူ နတ် ဗြဟ္မာတို့ထက် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း တရားသုံးပါးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂] ဘုရားရှင် မဂဓနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်ဒေသနာတော် အတိုင်း အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နိုင်သော ဒုတိယတရားသုံးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဘုရားရှင် မဂဓနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်ဒေသနာတော် အတိုင်း အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နိုင်သော တတိယတရားသုံးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဘုရားရှင် မဂဓနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုံးသုတ်၌ ဟောတော်မူအပ်ပြီးသော အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်နိုင်သော တရားကိုးပါးနှင့် ဝိဇ္ဇာ, စရဏ နှစ်ပါးဖြည့်စွက်၍ “ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ”ဂါထာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia